ရှမ်းပြည်နယ်

မိုင်းယုမြို့တွင် နှစ်ရှည်ရော်ဘာစိုက်ပျိုးသူတို့ အစေးခြစ်ရောင်းချရာ ရော်ဘာအစို တစ်ကီလိုလျှင် ၃၇၂၀ ကျပ် (တရုတ်ယွမ် ၆ ယွမ်) ထိဈေးကောင်းရ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ရှိ ဒေသခံတောင်သူများ နှစ်ရှည်ရော်ဘာများ စိုက်ပျိုးထား၍ အစေးခြစ်ခြင်းလုပ်ငန်းများ လုပ်ကိုင်ရောင်းချလျက်ရှိရာ မိသားစုအတွက် နှစ်စဉ်တစ်ဖက် တစ်လမ်းမှ အပိုဝင်ငွေ တိုးပွားလျက်ရှိပြီး ယခုနှစ်ထက် ဈေးကောင်းရရှိနေလျက်ရှိကြောင်း သိရသည်။

မိုင်းပျဉ်းမြို့၌ အ.ထ.က(ခွဲ)၌ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲမှ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်မှုကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျောင်း နီလာခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် တောင်ကြီးမြို့နယ်၊ ရွှေညောင်တိုက်နယ်ဆေးရုံ ဆောက်လုပ်မည့်မြေနေရာအား ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် ပြည်နယ်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ စဝ်စံထွန်းဆေးရုံအုပ်ကြီးတို့နှင့်အတူ တောင်ကြီးမြို့နယ်၊ ရွှေညောင်တိုက်နယ်ဆေးရုံတွင် ကမ္ဘောဇ Group မှ ဆောက်လုပ်လှူဒါန်းမည့် ဆေးရုံမြေနေရာအား ယမန်နေ့ညနေ ၄ နာရီက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဟိုပုံးမြို့နယ်၌ ၂၀၂၅ ခုနှစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၅ ခုနှစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ(၃)နာရီခွဲအချိန်က မြို့မအားကစားကွင်းတွင် ပြုလုပ်သည်။

ရပ်စောက်၌ ပြောင်းလုပ်ငန်းအသင်း၏(၂၀၂၅-၂၀၂၈) ခုနှစ်သက်တမ်းကာလအတွက် မြို့နယ်အလုပ်အမှုဆောင်ရွေးခြယ်ခြင်း အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ပြောင်းလုပ်ငန်းအသင်း၏ (၂၀၂၅-၂၀၂၈)ခုနှစ် သက်တမ်းကာလအတွက် မြို့နယ်အလုပ်အမှုဆောင်ရွေးခြယ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်ရဿဝတီခန်းမ၌ ကျင်းပပြုလုပ်သည်။

အောင်ပန်းမြို့၊ မြို့‌ဟောင်းရပ်ကွက်ရှိ မဟာဂန္ဓာရုံဘုန်း‌တော်ကြီးကျောင်း၌ ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်

ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် နားလည်သိရှိနိုင်စေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊‌ အောင်ပန်းမြို့၊ မြို့‌ဟောင်းရပ်ကွက်ရှိ မဟာဂန္ဓာရုံဘုန်း‌တော်ကြီးကျောင်းတွင် ယနေ့နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

တုံတာ - ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် KM 577-KM577.5 ကြား နမ့်စင်ချောင်းရေတိုက်စားမှုကြောင့် လမ်းမြေပြိုကျမှုဖြစ်ပွား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့၌ တုံတာ - ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီး  ရဲစခန်းအရှေ့ဘက် ကိုက် (၁၀၀)ခန့်အကွာ ခန့်မှန်းမြေပုံအညွှန်း (ND.314411) မိုင်တိုင်အမှတ် KM 577- KM 577.5 ကြားတွင် နန့်စင်ချောင်းရေတိုက်စားမှုကြောင့် တုံတာ-ကျိုင်းတုံသွား ပြည်ထောင်စုလမ်းမကြီး  ညာဘက်ခြမ်း ကတ္တရာလမ်း ပုခုံးမြေသားများ အလျားပေ (၇၀)ခန့်မှာ ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ပြိုကျသွားကြောင်း သိရသည်။

ကျောက်တလုံးကြီးမြို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် မိုးစပါးနှင့် အစေ့ထုတ်ပြောင်း စိုက်ခင်းများ ရေနစ်မြုပ်လျက်ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဇူလိုင်လ ၂၅၊ ၂၇၊ ၂၈ ရက်နေ့တို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် မိုးစပါးနှင့် အစေ့ထုတ်ပြောင်းစိုက်ခင်းများ ရေနစ်မြုပ်လျက်ရှိကြောင်း သိရသည်။

ညောင်ရွှေမြို့ အနိမ့်ပိုင်းလူနေရပ်ကွက်အချို့နေရာများ၌ ရေဝင်ရောက် ရေဘေးသင့်ပြည်သူအချို့ ယာယီကူညီကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေထိုင်

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်နှင့် ပတ်ဝန်းကျင်ဒေသများတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အင်းလေးကန်ရေပြင် အနည်းငယ်မြှင့်တက်လာပြီး ညောင်ရွှေမြို့‌ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် သာစည်ရပ်ကွက်၊ ကန်သာရပ်ကွက်၊ ဝင်းရပ်ကွက်၊ မြို့လည်ရပ်ကွက်များတွင် ယနေ့နံနက်ပိုင်းမှစ၍ ရေလွှမ်းမှုများ ဖြစ်ပေါ်လျက်ရှိပြီး ရေဘေးသင့်ပြည်သူများအား ယာယီကူညီကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေရာချထားပေးကြောင်း သိရသည်။

ရပ်စောက်၌ တက္ကသိုလ်ဝင်တန်းအောင်ချက်ရာခိုင်နှုန်း (၄၉.၆၂) ရာခိုင်နှုန်းရှိ

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို ဇူလိုင်လ ၂၇ ရက်နေ့ နံနက်ပိုင်းက အ.ထ.က (၁) ရပ်စောက်၊ အ.ထ.က (၁) ဗထူးနှင့် အ.ထ.က (၂) စာစစ်ဌာန (၃) ခုတို့တွင် ဝင်ရောက်ဖြေဆိုခဲ့သော တက္ကသိုလ်ဝင်တန်း ကျောင်းသား/ ကျောင်းသူများ၏ အောင်စာရင်းများကို အဆိုပါစာစစ်ဌာနများနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ကြေညာသင်ပုံးများဖြင့် ထုတ်ပြန်ကြေညာ၍ ဖြေဆိုသူ (၇၈၆) ဦးတွင် အောင်ချက်ရာခိုင်နှုန်း(၄၉.၆၂) ရာခိုင်နှုန်းဖြင့်စုစုပေါင်း (၃၉၀) ဦးအာင်မြင်ခဲ့ကြောင်းနှင့် တစ်ဘာသာဂုဏ်ထူးရှင် (၃၅) ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၁၃) ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၁၀) ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၁) ဦးနှင့် ရိုးရိုးအောင်မြင်သူ (၃၃၁) ဦးရှိကြောင်း မြို့နယ်ပညာရေးမှုးရုံးမှ တာဝန်ရှိသူတစ်ဦးထံကသိရသည်။
Subscribe to ရှမ်းပြည်နယ်