မိုင်းခတ်မြို့၌ ချောင်းရေကျဆင်း၍ ခရီးသွားပြည်သူများ၊ မော်တော်ယာဉ်များ ယခင်အတိုင်း ပြန်လည်သွားလာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဇူလိုင် ၂၇ ရက်နေ့ ညနေပိုင်းက နမ့်လွေချောင်းရေမှတစ်ဆင့် ကျိုင်းတုံ-မိုင်းခတ်-မိုင်းယန်းသွားလမ်းမပေါ်သို့ ရေကျော်ခဲ့ရာ ယနေ့နေ့လယ်ပိုင်းအချိန်တွင် ရေများပြန်လည်ကျဆင်း၍ ခရီးသွားပြည်သူများ၊ ယာဉ်ကြီး၊ ယာဉ်ငယ်များ ယခင်အတိုင်း ပြန်လည်သွားလာ၍ရပြီဖြစ်ကြောင်း သိရသည်။