ရှမ်းပြည်နယ်

တာချီလိတ်မြို့၌ ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် တင်ကျန်ရစ်သော အမှိုက်သရိုက်ရွံ့နွံများ ဆက်လက်ရှင်းလင်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ရေကြီးရေလျှံမှုများဖြစ်ပွားပြီးနောက် ဗိုလ်ချုပ်လမ်းမကြီးနှင့် အနိမ့်ပိုင်းရပ်ကွက်များတွင် ရေများပြန်လည်ကျဆင်းသွားချိန် တင်ကျန်ရစ်သည့် အမှိုက်သရိုက်၊ ရွံ့နွံများကို ယမန်နေ့ နံနက်ပိုင်းမှစ၍ စုပေါင်းရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။

တာချီလိတ်မြို့၌ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား UID ကတ်များ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) မိဘပြည်သူများအား Biometric Data ကောက်ယူ၍ UID (Unique Identity) ကတ်များ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဟိုပုံးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁၃) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က တပ်မတော် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းရှိ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းတုံမြို့၌ မြန်မာအီလက်ထရောနစ်(MEVM) မဲပေးစက်များဖြင့် မဲဆန္ဒရှင်များ အသိပညာပေး လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြန်မာအီလက်ထရောနစ်(MEVM) မဲပေးစက်များဖြင့် မဲဆန္ဒရှင်များ အသိပညာပေး လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ သဘာဝဘေးခံစားခဲ့ရသည့် ကုန်းစောင်းကျေးရွာ နေပြည်သူများ အဆင်ပြေစွာနေထိုင်နိုင်ရေးနှင့် မြေနေရာသစ် ရှာဖွေခြင်း ကွင်းဆင်းဆောင်ရွက်

‎ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ သိမ်ကုန်းကျေးရွာအုပ်စု၊ ကုန်းစောင်းကျေးရွာသည် အိမ်ထောင်စု(၃၉)စုလူဦးရေ (၂၀၀)ကျော် နေထိုင်လျက်ရှိပြီး ဇူလိုင်လ ၂၅ ရက်မှ  ၂၈ ရက်နေ့ အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများစီးဝင်ပြီး လူနေအိမ်(၂၀)လုံး မျှောပါပျက်းစီးမှုများဖြစ်ပေါ်ခဲ့သည်။ 

တုံတာ-ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် KM 577-KM577.5 ကြား နမ့်စင်ချောင်းရေ တိုက်စားမှုကြောင့် လမ်းမြေပြိုကျပြီး ကတ္တရာလမ်း မြေနိမ့်ကျမှု ဖြစ်ပွား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့၌ တုံတာ-ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီး ရဲစခန်း အရှေ့ဘက် ကိုက်(၁၀၀)ခန့်အကွာ ခန့်မှန်းမြေပုံအညွှန်း (ND.314411) မိုင်တိုင်အမှတ် KM 577- KM 577.5 ကြားတွင် နမ့်စင်ချောင်းရေတိုက်စားမှုကြောင့် တုံတာ-ကျိုင်းတုံသွား ပြည်ထောင်စုလမ်းမကြီး ညာဘက်ခြမ်း ကတ္တရာလမ်း ပုခုံးမြေသားများ အလျားပေ (၇၀) ခန့်မှာ ယမန်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ပြိုကျသွားခဲ့ကြောင်း သိရသည်။

မိုင်းပန်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အကြို လူငယ်စကားဝိုင်းကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အကြို လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

တန့်ယန်းမြို့နယ်တွင် လက်ဆွဲကောက်စိုက်စက်ဖြင့် လက်တွေ့သရုပ်ပြသစိုက်ပျိုးပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ လက်ဆွဲကောက်စိုက်စက်ဖြင့် လက်တွေ့သရုပ်ပြသ စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အမှတ်(၉)ရပ်ကွက်နယ်မြေ ကွင်းအမှတ်(၄၆) တောင်သူ ဦးအိုက်ကတ်၏ မိုးစပါးပန်းတိုငအထွက်နှုန်းထွက်ရှိရေး စံပြကွက် (၁၀)ဧက၌ ကျင်းပခဲ့သည်။

မိုင်းရယ်မြို့၌ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မိုင်းရယ်မြို့နယ် ဦးစီးဌာနမှူးရုံးမှ နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)များအား Biometric အချက်အလက်များကောက်ယူ၍ UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းကို ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီက မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးသည်။

မိုးနဲမြို့၌ အွန်လိုင်းလိမ်လည်မှုဖြစ်စဥ်များ မဖြစ်ပေါ်စေရေး အသိပညာပေးဆွေးနွေး

ရှမ်းပြည်နာ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ယနေ့ခေတ် နည်းပညာများလျှင်မြန် စွာဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုများ ဖြစ်ပွားလျက်ရှိသဖြင့် ကြိုတင်သတိထားလိုက်နာရမည့်အချက်များ အသိပညာ‌ပေးဆွေးနွေးခြင့်ကို မြို့နယ်ဥပဒရုံး၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်