အမှတ်(၁)၊ အခြေခံပညာမူလတန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်

မိုင်းရှူး ဇွန် ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်၊ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက်(၉)နာရီအချိန်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်စိန်ငွေက ကျောင်းစည်းကမ်းအကြောင်းပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး ဦးကျော်ဝင်းက လူငယ်နှင့်အနာဂတ်၊ နိုင်ငံတော်ဖွံ့ဖြိုးရေးအကြောင်းဟောပြောသည်။ ယင်းနောက် နည်းစနစ်မှူးက ကျောင်းအုပ်ဆရာမကြီးထံ ဘောလုံး(၁)လုံးနှင့် ဘော်လီဘော(၁)လုံး ပေးအပ်လှူဒါန်းခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၉၅)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

မိုင်းရှူး(ပြန်/ဆက်)