ကလော ဇွန် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ဘုရားပျိုကျေးရွာ၌ ဇွန်လ ၁၃ ရက်နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်အတွင်း မိုးစပါးစိုက်ပျိုးလျက်ရှိသည့် သမဝါယမအသင်းသား တောင်သူများအား တာဝန်ရှိသူများက သွင်းအားစု ထောက်ပံ့ပေးအပ်ခဲ့သည်။
ရှေးဦးစွာ ရှမ်းပြည်နယ်သမဝါယမဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးတင့်က မိုးစပါးစိုက်ပျိုးရာတွင် "စနစ်ကျသော စိုက်ပျိုးရေး" စနစ်ဖြစ်စေရန်နှင့် သွင်းအားစုများ စနစ်တကျသတ်မှတ်ရက်အတိုင်း အချိန်ကိုက်ကျွေးရန်လိုအပ်ပြီး ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး အမှာစကားပြောကြားခဲ့ပြီးပြည်နယ်ဦးစီးမှူး၊ ကလောမြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ၊ မြို့နယ်သမဝါယမအသင်းစုမှဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ မိုးစပါးစိုက်ပျိုးလျက်ရှိသည့် ဘုရားပျိုစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ မိုးစပါး စိုက်ဧက (၄၀၀)အတွက် ကျပ်သိန်း (၁၂၀၀)နှင့်ညီမျှသော သွင်းအားစုများအား သမဝါယမအသင်းသား တောင်သူများသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)