မိုင်းရှူးမြို့၌  လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ပေးအပ်ပွဲအခမ်းအနား ကျင်းပ

မိုင်းရှူး ဇွန် ၁၅

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက အမှတ် (၂) ရပ်ကွက်၊ ပတ္တမြားခန်းမဆောင်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြေစာရင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီအဖွဲ့ အတွင်းရေးမှူး ဦးနေဝင်းအောင်က လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး နားစံကျေးရွာအုပ်စုအတွက် (ပုံစံ-၇) လေးစောင်၊ (မြို့မ) ပန်စွဲကျေးရွာအုပ်စုအတွက် (ပုံစံ-၇) ခုနစ်စောင် စုစုပေါင်း (၁၁) စောင်ကို မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းထိုက်နှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာတောင်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။

အဆိုပါ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ပေးအပ်ပွဲအခမ်းအနားတွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်/ကျေး စာရေးများ၊ ရပ်၊ကျေးအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ကြကြောင်း သိရသည်။

မိုင်းရှူး(ပြန်/ဆက်)