တန့်ယန်းမြို့နယ်တွင် Placement Test (အထူးအစီအစဉ်) စာမေးပွဲ စတင်ဖြေဆို

တန့်ယန်း ဇွန် ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၏ Placement Test (အထူးအစီအစဉ်) စာမေးပွဲအား ဇွန်လ ၁၅ ရက်နေ့ နံနက် ၉ နာရီမှ စတင်၍ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ စတင်ဖြေဆိုကြသည်။

အဆိုပါ Placement Test (အထူးအစီအစဉ်) စာမေးပွဲအား ခရိုင်ပညာရေးမှူး ဦးမွန်ကျော်မြင့်၊ မြို့နယ်ပညာရေးမှူး ဒေါ်လွင်လွင်ကျော်နှင့် ကြီးကြပ်ရေးမှူး အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးဇော်မွန်းနှင့် ဆရာ ဆရာမများက တာဝန်ယူ၍ ကျင်းပပေးနေလျက်ရှိရာ Grate-1 ၌ (၁)ဦး၊ Grate-2 ၌ (၇) ဦး၊ Grate-3 ၌ (၆) ဦး၊ Grate-4 ၌ (၂၀) ဦး၊ Grate-5 ၌ (၉) ဦး၊ Grate-6 ၌ (၃) ဦး၊ Grate-7 ၌ (၆) ဦး၊ Grate-8 ၌ (၆) ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ (၅၈) ဦး ဝင်ရောက်ဖြေဆိုနေကြကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)