မောက်မယ် မေ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူ အများပြည်သူများ၏ အခြေခံလိုအပ်ချက်အရရှေးရှု၍ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းအခမ်းအနားနှင့် UID နံပါတ်ကတ်ပြားများဆောင်ရွက်ပေးခြင်းကို မေလ၁၃ရက်နေ့ နေ့လယ်၁နာရီတွင် အခြေခံပညာအထက်တန်းကျောင်း ဆရာ/ဆရာမနားနေဆောင်ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်သက်နှင့်တာဝန်ရှိသူများက အသက်၁၀နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများများပြုလုပ်ပေးခြင်း၊ လဲလှယ်ပေးခြင်းနှင့် Biometric data များစိစိစ်ကောက်ယူပြီး မျက်လုံး Scan ဖတ်ခြင်း၊ လက်ဗွေနှိပ်ခြင်းများ၊ သွေးစစ်ပေးခြင်းနှင့် လိုအပ်သည့်အချက်အလက်များထည့်သွင်း၍ UID နံပါတ်ကတ်ပြားများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဆက်လက်ပြီး နိုင်ငံတော်အစိုးရ၏ရက်(၁၀၀)လမင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID နံပါတ်ကတ်ပြားများ(၉၁)ဦးကိုကို ကျောင်းသား/ကျောင်းသူများ လက်ဝယ်အရောက် မောက်မယ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းသက်နိုင် နှင့်အဖွဲ့ဝင်များက ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)