ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အရွေးခံမည့် လွတ်တော်ကိုယ်စားလှယ်လောင်းများ၊ ဌာနဆိုင်ရာများ ပါဝင်ဆန္ဒမဲပေးလျက်ရှိ
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ၂၀၂၅ ခုနစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်ရပ်ကွက် (၁၃) ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၃ အုပ်စုတွင် မဲရုံ ၄၉ ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၆၅၅၃၅ ဦးရှိရာ ယနေ့ နံနက် ၆ နာရီ မှ စတင်၍ မဲရုံအသီးသီးတွင် ပြည်သူများ ဆန္ဒမဲလာရောက်ပေးလျက်ရှိကြောင်း တွေ့ရှိရသည်။