မိုင်းနောင် ဇူလိုင် ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့၊ မြို့လယ်ဓမ္မာရုံတွင် အပတ်စဥ်တနင်္ဂနွေ ဓမ္မစကူးလ်သင်တန်း(ဆဌမပတ်)ကို ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရှိရသည်။
မိုင်းနောင်ကျေးရွာအတွင်း လူငယ်၊လူရွယ်များအားလုံး မိမိတို့ကိုးကွယ်သည့် ဗုဒ္ဓဘာသာ၏ တန်ဖိုးကိုအလေးအနက်နားလည်သိရှိစေရန်နှင့် ဘာသာတရားကိုယုံကြည်မြတ်နိုးလေးစားတတ်စေရန်၊ ဘာသာ၊သာသနာတိုးတက်ပြန့်ပွားရေးလုပ်ငန်းများတွင် အားတက်သရောပါဝင်တတ်စေရန် လိမ္မာယဥ်ကျေးသော လူငယ်များဖြစ်လာစေရန်အတွက်ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးကြောင်း သိရှိရသည်။ အဆိုပါအပတ်စဥ် တနင်္ဂနွေ ဓမ္မစကူးလ်သင်တန်းတွင် ကျောင်းသား၊ကျောင်းသူပေါင်း(၂၀၆)ဦးတို့အား နည်းပြဆရာမ(၈)ဦးဖြင့် ဗုဒ္ဓဝင်အနှစ်ချုပ်များ၊ ဗဟိုဓမ္မစကူးလ်ဖောင်ဒေးရှင်းမှထုတ်ဝေသော အထက်တန်းဆင့်၊ အလယ်တန်းဆင့်၊ မူလတန်းဆင့်များမှ ဗုဒ္ဓဘာသာသင်ခန်းစာများကို အပတ်စဥ်သင်ကြားပြသပေးကြောင်း သိရှိရသည်။
မနန်း(မိုင်းနောင်)