အထက− မိုင်းပျဉ်း၌ ကျောင်းကျန်းမာရေးရက်သတ္တပတ် အာဟာရကျွေးမွေးခြင်း ဆောင်ရွက်

မိုင်းပျဉ်း ဇူလိုင် ၂၇

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊   ကျိုင်းတုံခရိုင်၊    မိုင်းပျဉ်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၆−၂၀၂၇ ပညာသင်နှစ်၊ Kindergarten (KG) ပထမအကြိမ် ကျောင်းကျန်းမာရေး ရက်သတ္တပတ် အာဟာရကျွေးမွေးခြင်းဆောင်ရွက်မှုကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။

အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေးရက်သတ္တပတ် လှုပ်ရှားဆောင်ရွက်မှုအနေဖြင့် မူလတန်းကလေးများအား ကျန်းမာရေးစစ်ဆေးခြင်း၊ ဗီတာမင်အားဆေး တိုက်ကျွေးခြင်း၊ ကျောင်းတွင်းစျေးမုန့်ဆိုင်တန်းများအား ကျန်းမာရေးနှင့်အညီ ရောင်းချမှုရှိ/မရှိ စစ်ဆေးခြင်းနှင့် ကျောင်းကျန်းမာရေး ရက်သတ္တပတ် အာဟာရကျွေးမွေးခြင်း Kindergarten(KG) (ပထမအကြိမ်)အဖြစ်   အစာအုပ်စု(၃)မျိုးတွင်ပါဝင်သော အစားအစာအာဟာရများ တိုက်ကျွေးခြင်းကို ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေနှင်းသက်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှ ဆရာမများ၊ အထကကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်/ဆက်)