ကျိုင်းလပ်မြို့၌ မိုဘိုင်းစခန်းသစ်ဖွင့်ပွဲအခမ်းအနား ကျင်းပ

ကျိုင်းလပ် ဇူလိုင် ၂၇ 

ဒီဂျစ်ဒယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ မိုင်းလန်းကျေးရွာ၌ မိုဘိုင်းစခန်းသစ်ဖွင့်လှစ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်၁၀နာရီ မိုဘိုင်းစခန်းရှေ့၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မိုဘိုင်းစခန်းသစ်ကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအွန်ခမ်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦး‌‌ကျော်မျိုးဌေး၊ ပြည်နယ်မန်နေဂျာ ဦးဇော်လွင်ထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး မိုဘိုင်းစခန်းသစ်ကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။ ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအွန်ခမ်းက အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် ပြည်နယ်မန်နေဂျာ ဦးဇော်လွင်ထွန်းက စီမံကိန်းလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားများပြန်လည်ပြောကြားခဲ့သည်။ အဆိုပါ မိုဘိုင်းစခန်း(SHE-00742)ကို ဖွင့်လှစ်လိုက်ခြင်းကြောင့် မိုပိုင်းစခန်းမှ (၁၀)ကီလိုမီတာအတွင်း နေထိုင်ကြသည့်ဒေသခံပြည်သူများ၏ ဆက်သွယ်ရေးလုပ်ငန်းများကောင်းမွန်လာပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးလုပ်ငန်းများကို အထောက်အကူပြုလာမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)