လားရှိုး ဇူလိုင် ၂၇
စာအုပ်စာပေဝါသနာပါသူ (Club) အဖွဲ့ဝင်များစုစည်း၍ စာရေးဆရာ နန္ဒာသိန်းဇံ၏ “ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
စာဖတ်ဝိုင်းတွင် ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး(လားရှိုး) မှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်ကအမှာစကားပြောကြားပြီး၊ လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းနေလှိုင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်သည့်ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စာရေးဆရာ နန္ဒာသိန်းဇံ၏ “ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း”စာအုပ်ဖြင့် စာဖတ်ဝိုင်းအားကျင်းပခဲ့ရာ မြန်မာနိုင်ငံစာရေးဆရာအသင်း(လားရှိုး)ဥက္ကဋ္ဌ ဦးသောင်းလွင်က စာအုပ်ပါအကြောင်းအရာများအား ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် Book Club အဖွဲ့၊ Woman Club အဖွဲ့နှင့် Youth Club အဖွဲ့ဝင်များက မိမိတို့ဖတ်ရှုထားသည့် အခန်းကဏ္ဍအလိုက် စာအုပ်ပါအကြောင်းအရာများဖြင့် အသီးသီးဆွေးနွေးခဲ့ရာ မြန်မာနိုင်ငံစာရေးဆရာအသင်း(လားရှိုး) ဥက္ကဋ္ဌက ပြန်လည်ဖြည့်စွက်ဆွေးနွေးပေးခဲ့သည်။ ယခုလို စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စာအုပ်စာပေဝါသနာပါသူ(Club)အဖွဲ့ဝင်များဖြင့်ပူးပေါင်း၍ လစဉ်စဉ်ဆက်မပြတ်ကျင်းပပြုလုပ်ပေးမည်ဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
လူမော် (ပြန်/ဆက်)