ရခိုင်ပြည်နယ်

အမ်းမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၄) သင်တန်းဖွင့်လှစ်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ရုံး ကွပ်ကဲမှုအောက်ရှိ အမ်းမြို့နယ်မှ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၄) သင်တန်းဖွင့်ပွဲကို ​မေလ (၉)ရက် နံနက်(၉)နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်းသိရှိရသည်။

မောင်တောမြို့၌ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက် အဆင့်မြင့် အမျိုးသမီး အိမ်တွင်းမှု စက်ချုပ်သင်တန်း ဖွင့်လှစ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးအတွက် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၃)သင်တန်းဖွင့်ပွဲကို ယနေ့နံနက်၉ နာရီအချိန် အဆိုပါ သင်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ပေါက်တောမြို့နယ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကြည့်ရှု

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့သို့ ရခိုင်ပြည်နယ်အစိုးအစိုးရအဖွဲ့ အတွင်းရေးမှူး ပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် ပေါက်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ထွေ/အုပ် ဝန်ထမ်းများနှင့် ယမန်နေ့နံနက် (၁၁)နာရီက တွေ့ဆုံပွဲပြုလုပ်သည်။

မအီမြို့တွင် သက္ကျမာရ်အောင်စွယ်တော်မြတ်စေတီတော် ထီးတော်တင်ပူဇော်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဝနဝါသီအရှင်ဝါယာမိန္ဒ(အဂ္ဂမဟာကမ္မဌာနာစရိယ)၊ ရတနာ့မာရ်အောင်တောရ ဓမ္မရိပ်သာများ၏ နာယကချုပ်ဆရာတော် မြောက်ဦးဆရာတော်ဘုရားကြီးမှ ဦးဆောင်ကြီးမှူးဒါနပြု၍ ၇ ရက်သား သမီးများ၏ ကောင်းမှုအလှူတို့ဖြင့် မအီမြို့အဝင် သံကြိုးတောင်၊ ပေါက်တူးပေါက်ဝ၊ စံကောပြင်ကွင်းအရပ်၌ တည်ထားကိုးကွယ်သည့် မာရ်ငါးပါးစေတီတော်များအနက်မှ သက္ကျမာရ်အောင်စွယ်တော်မြတ် စေတီတော်မြတ် ထီးတော်တင်ပူဇော်ပွဲကို ယမန်နေ့နံက်ပိုင်းက ကျင်းပပြု လုပ်ခဲ့သည်။

မအီမြို့တွင် မြောက်ဦးဆရာတော်ပူဇော်ပွဲ အထိမ်းအမှတ် အလွတ်တန်းဖူဆယ် ဘောလုံးပြိုင်ပွဲ ကျင်းပမည်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဝနဝါသီအရှင် ဝါယာမိန္(အဂ္ဂမဟာကမ္မဌာနာစရိယ)၊ ရတနာ့မာရ်အောင်တောရ ဓမ္မရိပ်သာများ၏ နာယကချုပ်၊ မြောက်ဦးဆရာတော်ဘုရား ကြီးအား ဂုဏဝိသိဌပူဇော်ပွဲ အထိမ်းအမှတ်အနေဖြင့် ပူဇော်ကျင်းပသည့် အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲကို ကဆုန် လဆန်း(၁၁)ရက်၊ (၁၀-၅-၂၀၂၂)ရက်နေ့၊ အင်္ဂါနေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါပြိုင်ပွဲကျင်းပရေး ကော်မတီက သိရသည်။

မအီမြို့တွင် ရတနာ့မာရ်အောင်ဆံတော်ရှင်စေတီတော် ထီးတော်တင်ပူဇော်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဝနဝါသီအရှင်ဝါယာမိန္ဒ (အဂ္ဂမဟာကမ္မဌာနာစရိယ)၊ ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာများ၏ နာယကချုပ်ဆရာတော် မြောက်ဦးဆရာတော် ဘုရားကြီး မှ ဦးဆောင်ကြီးမှူးဒါနပြု၍ ၇ ရက်သားသမီးများ၏ ကောင်းမှုအလှူတို့ဖြင့် မအီမြို့၊ အမှတ်(၃)ရပ်ကွက်၊ စံကားတောင်ကွင်း၌ တည်ထားကိုးကွယ်သည့် ရတနာ့မာရ်အောင်ဆံတော်ရှင်စေတီတော်မြတ် ထီးတော်တင်ပူဇော်ပွဲကို ယနေ့နံက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့သည်။

ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

တောင်ကုတ်မြို့မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများအား ဦးဘသိန်း+ဒေါ်ငွေတင် ပညာရေးဖောင်ဒေးရှင်း(တောင်ကုတ်)မှ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန် အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း ၊ ပညာရတနာခန်းမ၌ ကျင်းပသည်။

မာန်အောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အမှတ် (၇) မေဃဝတီ မဂ္ဂဇင်းထုတ်ဝေနိုင်ရေး အစည်းအဝေး ကျင်းပ

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မေဃဝတီမဂ္ဂဇင်းကော်မတီမှ မာန်အောင်မြို့နယ်မှ ထုတ်ဝေလျက်ရှိသော မေဃဝတီမဂ္ဂဇင်း အမှတ် (၇) ဆက်လက် ထုတ်ဝေနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတစ်ရပ်ကို ယမန်နေ့ မွန်လွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ စာပေကော်မတီ ဝင် ၁၃ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဂွမြို့နယ်တွင် အစားစာထုတ်လုပ်ခြင်းနှင့် လက်လီလက်ကား ရောင်းဝယ်ရေး၊ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်ပြင်ဆင်ခြင်း ကဏ္ဍများရှိ ကလေးအလုပ်သမား စစ်တမ်းကောက်ယူ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ဇံဟိန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူ များသည် မြို့နယ်အတွင်း အစားစာထုတ်လုပ်ခြင်းနှင့် လက်လီလက်ကား ရောင်းဝယ်ရေး၊ မော်တော်ယာဉ်နှင့် မော်တော် ဆိုင်ကယ်ပြင်ဆင်ခြင်း ကဏ္ဍများရှိ ကလေးအလုပ်သမား စစ်တမ်းကောက်ယူခြင်းများကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များ အတွင်းရှိ လုပ်ငန်းတည်ရှိရာဆိုင်များသို့ ကွင်းဆင်း​ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ သန့်ရှင်းသာယာလှပစေရေးအတွက် ဒုတိယအပတ်အနေဖြင့် စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးများဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် မြို့သန့်ရှင်းသာယာလှပရေးစေရေးနှင့် အမှိုက်ကင်းစင်သော မြို့တော်ဖြစ်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဒုတိယအပတ် စုပေါင်းအမှိုက်ကောက်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းများကို ယနေ့နံနက် ၇ နာရီက အာရီယာန် စားသောက်ဆိုင်ရှေ့မှ စစ်တွေဟိုတယ် ယာဘက်အစွန်ဆုံး တံတားကြားရှိ နေရာ(၁၀)နေရာခွဲ၍ ဒုတိယအပတ်အနေဖြင့် စုပေါင်းသန့်ရှင်းရေး အမှိုက်ကောက်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Subscribe to ရခိုင်ပြည်နယ်