တောင်ကုတ် မေ ၈
တောင်ကုတ်မြို့မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများအား ဦးဘသိန်း+ဒေါ်ငွေတင် ပညာရေးဖောင်ဒေးရှင်း(တောင်ကုတ်)မှ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန် အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း ၊ ပညာရတနာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့်သီဆိုတင်ဆက် ပြီးနောက် တောင်ကုတ်ဒေသ ဖွံ့ဖြိုးရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျောက်တောင်၊ ပညာရေး ဖောင်ဒေးရှင်းမှ ဦးခင်မောင်၀င်းနှင့်မြိုမိမြို့ဖ ဒေါက်တာ စံလှိုင် တို့က ပညာရေး၊ ကျန်းမာ ရေး လူမှုရေးတို့နှင့်ပတ်သက်၍ အမှာစကားပြောကြားပြီးနောက် ဆုပေးပွဲအခမ်းအနားကို ကျင်းပ ရာ တာ၀န်ရှိသူများက တက္ကသိုလ်၀င်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် (၆)ဘာသာ ဂုဏ်ထူးရှင်(၅)ဦး၊ (၅)ဘာသာ ဂုဏ်ထူးရှင်(၃)ဦးနှင့် (၄)ဘာသာဂုဏ်ထူးရှင် (၂) ဦးတို့အား ထိုက်ထိုက်တန်တန်ဆုချီးမြှင့်ပေးပြီး နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများမှ ပညာရေးဖောင်ဒေးရှင်း သို့ အလှူငွေ ကျပ်(၄၅)သိန်းကိုပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းထွေး နှင့်အဖွဲ့ဝင်များ၊ ဒေသဖွံ့ဖြိုးရေး ကော်မတီဥက္ကဋ္ဌ ဦးကျောက်တောင်နှင့် မြို့မိမြို့ဖများ၊ ဦးဘသိန်း၊ ဒေါ်ငွေတင်ပညာရေး ဖောင်ဒေးရှင်း(တောင်ကုတ်)မှ မိသားစုများ၊ ဆုရ ကျောင်းသား/သူများနှင့် ဆရာ ၊ ဆရာမများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
မြို့နယ် ပြန်/ဆက်