မအီမြို့တွင် မြောက်ဦးဆရာတော်ပူဇော်ပွဲ အထိမ်းအမှတ် အလွတ်တန်းဖူဆယ် ဘောလုံးပြိုင်ပွဲ ကျင်းပမည်

မအီ မေ ၈

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဝနဝါသီအရှင် ဝါယာမိန္(အဂ္ဂမဟာကမ္မဌာနာစရိယ)၊ ရတနာ့မာရ်အောင်တောရ ဓမ္မရိပ်သာများ၏ နာယကချုပ်၊ မြောက်ဦးဆရာတော်ဘုရား ကြီးအား ဂုဏဝိသိဌပူဇော်ပွဲ အထိမ်းအမှတ်အနေဖြင့် ပူဇော်ကျင်းပသည့် အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲကို ကဆုန် လဆန်း(၁၁)ရက်၊ (၁၀-၅-၂၀၂၂)ရက်နေ့၊ အင်္ဂါနေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါပြိုင်ပွဲကျင်းပရေး ကော်မတီက သိရသည်။

ဖော်ပြပါ ဖူဆယ်အားကစားဘောလုံးပြိုင်ပွဲကို လူမျိုးဘာသာမရွေး မည်သူမဆိုဝင်ရောက် ယှဉ်ပြိုင်နိုင်ပါကြောင်း၊ တစ်သင်းလျှင် ကစားသမား(၇)ဦးဖြင့် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ အသင်းတစ်သင်းလျှင် အသင်းဝင်ကြေးအနေဖြင့် (၁၅၀၀၀)ကျပ်စီ ပေးသွင်း ရမည် ဖြစ်ပါကြောင်း၊ ကစားသမားတိုင်းကို အားကစားအင်္ကျီ/အားကစားဖိနပ်ဝတ်ဆင်ပြီးမှသာ ဝင်ရောက်ကစားခွင့် ပြုမည်ဖြစ်ပါကြောင်း၊ ဆုကြေးများအနေဖြင့် ပထမဆု(၂၀၀၀၀၀)ကျပ်နှင့် ဒုတိယဆု (၁၀၀၀၀၀)ကျပ်နှုန်းဖြင့် သတ်မှတ်ထား ပါကြောင်း၊ ပြိုင်ပွဲများကို မအီမြို့၊ အထက်ကျောင်းရှေ့ အားကစားကွင်းတွင် ယှဉ်ပြိုင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ပါဝင် ယှဉ်ပြိုင်လိုသည့် အသင်းများ အနေဖြင့် " စွာစိ မိတ္တူနှင့် အားကစားပစ္စည်းအရောင်းဆိုင်၊ အထကရှေ့၊ မအီမြို့၊ ဖုန်း- ၀၉ ၆၈၄၆၄၄၁၉၀ " သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါကြောင်း အဆိုပါပြိုင်ပွဲ ကျင်းပရေး ကော်မတီမှ ကိုကျော်စွာထွန်း(စွာစိ)က သိရသည်။

မောင်မောင်ဌေး