စစ်တွေ မေ ၇
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် မြို့သန့်ရှင်းသာယာလှပရေးစေရေးနှင့် အမှိုက်ကင်းစင်သော မြို့တော်ဖြစ်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဒုတိယအပတ် စုပေါင်းအမှိုက်ကောက်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းများကို ယနေ့နံနက် ၇ နာရီက အာရီယာန် စားသောက်ဆိုင်ရှေ့မှ စစ်တွေဟိုတယ် ယာဘက်အစွန်ဆုံး တံတားကြားရှိ နေရာ(၁၀)နေရာခွဲ၍ ဒုတိယအပတ်အနေဖြင့် စုပေါင်းသန့်ရှင်းရေး အမှိုက်ကောက်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ စုပေါင်းအမှိုက်ကောက်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခြင်းကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တပ်ရင်းတပ်ဖွဲ့များမှ မိသားစုဝင်များ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ရဲတပ်ဖွဲ့နှင့် နယ်မြေခံတပ်ရင်း ရဲတပ်ဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ခရိုင်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူများ၊ တပ်ရင်းတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နေပြည်သူများ လူဦးရေ (၉၅၃)ဦး စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ မြို့နယ်သန့်ရှင်းသာယာလှပရေး စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးဆောင်ရွက်ခြင်း လုပ်ငန်းများကို အပတ်စဉ် စနေနေ့တိုင်း လုပ်ဆောင်လျက်ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်းရရှိသည်။
ဇူလိုင်ကြယ်(ပြန်/ဆက်)