အမ်းမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၄) သင်တန်းဖွင့်လှစ်

အမ်း မေ ၉

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ရုံး ကွပ်ကဲမှုအောက်ရှိ အမ်းမြို့နယ်မှ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၄) သင်တန်းဖွင့်ပွဲကို ​မေလ (၉)ရက် နံနက်(၉)နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်းသိရှိရသည်။

၎င်းသင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တ​ဥက္ကဋ္ဌ ဗိုလ်မှူး မျိုးမင်းသန့်က ရခိုင်ပြည်နယ်၊ တည်ငြိမ် အေးချမ်းရေးနှင့်ဖွံ့ဖြိုး တိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတို့၏ လမ်းညွှန်ချက်အရ မြို့နယ်အတွင်းရှိ အမျိုးသမီးငယ်များ အသက်မွေးဝမ်းကြောင်းအထောက် အကူပြု အိမ်တွင်းမှု အတတ်ပညာရရှိစေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ် ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံဖြိုးမှုရှိလာစေရန် လေ့ကျင့်ပြုစုပျိုးထောင်ပေးရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ နယ်စပ်ဒေသရှိ ကျေးလက်နေ တိုင်းရင်းသူအမျိုးသမီးများ မိမိကိုယ်ပိုင် အသက် မွေးဝမ်းကြောင်း ပညာရပ်ဖြင့် ဘဝရပ်တည်နိုင်စေရန်၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်း ပညာသင်တန်းကျောင်းမှ သင်ကြား တတ်မြောက်သည့် အသက်မွေးဝမ်းကြောင်း ပညာရပ်များဖြင့် ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်သည့်အထိ ကူညီဆောင် ရွက်ကြရန်၊ အမျိုးသမီးငယ်များရဲ့ အသိအမြင်မြင့်မားရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီပေးနိုင်ရေး၊ ဘဝရပ်တည်မှု ခိုင်မာ စေရေးအတွက် သင်တန်းများဖွင့်လှစ် ပေးကြောင်း ပြောကြားခဲ့သည်။

 ဆက်လက်၍ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းမှ ဆရာမကြီး ဒေါ်စိုးစိုးက အဆင့်မြင့်အိမ် တွင်းမှုစက်ချုပ် သင်တန်း အမှတ်စဉ်(၄) သင်တန်းကို သင်တန်းသူ(၃၀)ဦး တက်ရောက်ခဲ့ပြီး ၉-၅-၂၀၂၂ နေမှ စတင်၍ ဖွင့်လှစ်ပြီး သင်တန်းကာလ (၂၀)ပတ်ကြာသင်ကြားပေးမည် ဖြစ်ကြောင်း၊စက်ချုပ်ဘာသာရပ်(၁၅)မျိုး၊ လက်မှုဘာသာ ရပ် (၁၀)မျိုး၊ မုန့်လုပ်နည်း ဘာသာရပ်၊ အချက်အပြုတ်ဘာသာရပ်များ သင်ကြားပေးပြီး သင်တန်းသူများအား တိုင်းချစ်၊ ပြည်ချစ်၊ မျိုးချစ်စိတ် အစဉ်ရှင်သန် ထက်မြတ်နေစေ‌ရေး အတွက် ပြည်ထောင်စု စိတ်ဓါတ်သင်ခန်းစာ ဘာသာရပ်၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ ကျန်းမာရေးအသိပညာပေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲများ၊ ကြက်ခြေနီ အခြေခံရှေ့ဦးပြုစုနည်း သင်တန်းများကို ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး သင်တန်းတွင် လိုအပ်သည့် သင်တန်းသုံး ပစ္စည်းများ၊ သင်ထောက်ကူ ပစ္စည်းများနှင့် နယ်ဝေးသင်တန်းသူများကို အဆောင်နေ သင်တန်းသူအဖြစ် လက်ခံထားရှိပြီး နေထိုင်စားသောက်စရိတ်နှင့် အသွားအပြန် ခရီးစရိတ်များ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ နယ်စပ်ဒေသတွင် နေထိုင်သည့် ပြည်သူများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုး တိုးတက်ရေး၊ လူ့စွမ်း အားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုသည့် ရည်ရွယ်ချက် (၅)ရပ်ဖြင့် တိုင်းရင်းသား/ တိုင်းရင်းသူများ၏ ပညာရည်မြင့်မားရေးနှင့် ဘဝရပ်တည်မှု ခိုင်မာစေရန် အလုပ်အကိုင် အခွင့်အလမ်း များရှိစေရန်၊ အသိပညာ၊ အတတ်ပညာများကို သင်ကြားပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

စိုးမင်းထွန်း

မြို့နယ်ပြန်/ဆက်