ရခိုင်ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ပေါက်တောမြို့နယ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကြည့်ရှု

ပေါက်တော မေ ၉

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့သို့ ရခိုင်ပြည်နယ်အစိုးအစိုးရအဖွဲ့ အတွင်းရေးမှူး ပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် ပေါက်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ထွေ/အုပ် ဝန်ထမ်းများနှင့် ယမန်နေ့နံနက် (၁၁)နာရီက တွေ့ဆုံပွဲပြုလုပ်သည်။

ရှေ့ဦးစွာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး  ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်က အဖွင့်အမှာစကား နှင့်အတူ မိမိဝန်ထမ်းများအား ရင်းရင်းနှီးနှီးနုတ်ဆက်ပြီး စည်းလုံးညီညွတ်စွာ နေထိုင်ကြရန်၊ စေတနာထားပြီးလုပ်ဆောင်ကြရန်၊ ရှေ့ဆက်လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များကို အလေးအနက်ထား ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။ ဆက်လက်၍ ပေါက်တော မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းမှ ဒေသဖွံ့ဖြိုးရေး အခြေအနေများကို ရှင်းလင်းပြေကြားပြီး၊ မြို့နယ် ထွေ/အုပ်ဝန်ထမ်းများက လိုအပ်သည်များကို တင်ပြကြသည်။

ထို့နောက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူ များသည်  ပေါက်တောမြို့သို့ ရေပေးဝေနေသည့် နတ်တောင်ပြင် ဆည်သို့သွားရောက်၍ နှစ်စဉ် နွေရာသီ၌ ရေလုံလောက်မူ မရှိသည့်အတွက်  ဆည်အတွင်း ရေဝပ်ဧရိယာတိုးချဲ့ခြင်း၊ မြေ (၁၀၀၀၀)ကျင်း ထပ်မံတူးဖော်ရန်မှာကြားခြင်း၊ ကြိမ်ခွေမော်ဆည်အနီး ရေဂါလံ(၁)သိန်းဆံ့ ရေစုကန် အသစ်တည်ဆောက်ပြီး နတ်တောင်ပြင်ဆည်ပင်မပိုက်လိုင်းမှတဆင့် မြို့တွင်းသို့ ရေပေးနိုင်ရန် ဆောင်ရွက်ရန်မှာကြားခြင်း၊ နတ်တောင်ပြင်ဆည် အဝင်လမ်းကို ကျောက်ချောလမ်းအဖြစ် ပြုပြင်ဆောင်ရွက်ရန်၊ အသစ်ဆောက်လုပ်နေသည့် မြို့မသားငါးဈေး ပြီးစီးမှု အခြေအနေကို ကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားခြင်း၊ ဆေးရုံဘေးဘက်ကြား လမ်းအား ကျောက်ချောလမ်းပြုလုပ်ရန်၊ လောကထိပ်ပန်ဘုရားတောင်အောက် ရေပေးရုံအနီး ရေဂါလံ (၅၀၀၀)ဆံ့ ရေစုကန် တစ်ခုတည်ဆောက်ရန်များကို မြို့နယ်တာဝန်ရှိသူများသို့ မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်