အမ်းမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှု အထူးနည်းပြသင်တန်းနှင့် ခရိုင်နည်းပြသင်တန်းကို Online မှတဆင့် သင်ကြားပို့ချ
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှု အထူးနည်းပြသင်တန်းနှင့် ခရိုင်နည်းပြသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖွင့်လှစ်၍ Online မှတဆင့် သင်တန်းသားများအား သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။