ကျောက်ဖြူခရိုင်ရုံး ကလေးစာဖတ်ခန်း၌ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ပုံပြင်ဖတ်ပြခြင်း ဆောင်ရွက်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ မူလတန်းကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသား၊ ကျောင်းသူများဖြစ်လာစေရန်၊ ကာယဉာဏစွမ်းရည်များဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စာကြည့်တိုက်နှင့်ရင်းနှီးထိတွေ့မှုများရှိလာစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာန ရုံးဝန်ထမ်းများက ပုံပြင်ဖတ်ပြခြင်းများ ဆောင်ရွက်သည်။