ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း (၇၈) နှစ်မြောက်ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲအခမ်းအနားနှင့် MSME ထုတ်ကုန်ပြပွဲတို့၌ ဖျော်ဖြေတင်ဆက်ခဲ့သော ရခိုင်တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကအဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားတက်ရောက်
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲအခမ်းအနားနှင့် MSME ထုတ်ကုန်ပြပွဲတို့၌ ဖျော်ဖြေတင်ဆက်ခဲ့သော ရခိုင်တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကအဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်း အဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများတက်ရောက်ပြီး ဌာနဆိုင်ရာရုံးများ၊ ရခိုင်တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။