ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၊ တည်ဆောက်ရေးပစ္စည်းများရောက်ရှိလာမှု ကြည့်ရှုစစ်ဆေး၊ အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲတက်ရောက်
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်ကြီးဆိပ်ကမ်း၌ လောကာနန္ဒာ စေတီတော်မြတ်ကြီးရင်ပြင်တွင် နေပူခံကျောက်ပြားခင်းရန်နှင့် စစ်တွေမြို့တွင်း တည်ဆောက်ရေးလုပ်ငန်းများတွင်အသုံးပြုရန် တည်ဆောက်ရေးပစ္စည်းများ ရောက်ရှိလာမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ကျင်းပသော အခြေခံကွန်ပျူတာ သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။