ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(မကျည်းမြိုင်)၌ ကျောင်းသား၊ကျောင်းသူများ ပညာသင်ကြားနေမှု လှည့်လည်ကြည့်ရှုအားပေး၊ သက္ကယ်ပြင် တိုက်နယ်ဆေးရုံ၌ ဆေးကုသမှုခံယူနေကြသော လူနာများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းခွဲ (မကျည်းမြိုင်)၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှု လှည့်လည်ကြည့်ရှုအားပေးပြီး စစ်တွေမြို့နယ်၊ သက္ကယ်ပြင်တိုက်နယ်ဆေးရုံ၌ ဆေးရုံတက်ရောက်ဆေးကုသမှု ခံယူနေကြသော လူနာများအား လှည့်လည်ကြည့်ရှုအားပေးကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး ကျန်းမာရေးအသိပညာပေး ဟောပြောနေမှုကို ကြည့်ရှုအားပေးကြသည်။