ရခိုင်ပြည်နယ်

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်လှည့်ဆေးကုသရေးအဖွဲ့ အမ်းမြို့နယ် တပ်တောင်မြို့၌ ဒေသခံ တိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၊ တပ်တောင်မြို့နှင့်ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၏ဦးဆောင်မှုဖြင့် ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးဝဏ္ဏအောင်နှင့် အမှတ်(၂)တပ်မတော်စစ်ဆေးရုံ ကုတင်(၃၀၀)မှ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက တပ်တောင်မြို့အမှတ် (၃)ရပ်ကွက် သာသနာ့ဝေပုလ္လာရာမကျောင်းတိုက်ဓမ္မာရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌  ဝိမလရပ်ကွက်နေပြည်သူများသို့ စားသုံးဆီ တစ်ပိဿာလျှင် ၅၂၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မြန်မာနိုင်ငံဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးသူပြည်သူများသို့ ယမန်နေ့ ညနေ ၄ နာရီ အချိန် မြို့မအနောက်ရပ်ကွက်၊ ဝိမလရပ်ကွက်နေပြည်သူများသို့ စားသုံးဆီများ ရောင်းချပေးခဲ့ရာ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။

မာန်အောင်မြို့နယ်တွင် ကျေးလက်နေပြည်သူများအား တိုင်းရင်းဆေးဖြင့်(အခမဲ့)ကွင်းဆင်း ဆေးကုသပေး

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် တိုင်းရင်းဆေးဖြင့် ကျေးလက်နေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိရာ ယနေ့မွန်လွဲ ၁ နာရီက ကုန်းခင်ကျေးရွာအုပ်စု၊ ကုန်းခင်ကျေးရွာ အ-မ-က ကျောင်းတွင် အခြေပြုလျက် ကျေးလက်နေပြည်သူများအား (အခမဲ့)ဆေးကုသပေးခဲ့သည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် ဘော်လီဘောအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ရခိုင်ပြည်နယ်ကိုယ်စားပြု ဘော်လီဘောအားကစားသမားများအား စခန်းသွင်းလေ့ကျင့်

နေပြည်တော်၌ ကျင်းပပြုလုပ်မည့် ၂၀၂၃ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဘော်လီဘောအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ရခိုင်ပြည်နယ်ကိုယ်စားပြု ဘော်လီဘောအားကစားသမားများအား အမ်းမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန မြို့မမိုးလုံလေလုံအားကစားခန်းမတွင် စခန်းသွင်းလေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ဝိမလရပ်ကွက်နေပြည်သူများသို့ စားသုံးဆီ တစ်ပိဿာလျှင် ၅၂၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးသူပြည်သူများသို့ ယမန်နေ့ညနေ ၄ နာရီ အချိန် မြို့မအနောက်ရပ်ကွက်၊ ဝိမလရပ်ကွက်နေ ပြည်သူများသို့ စားသုံးဆီများ ရောင်းချပေးခဲ့ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် အသိပညာပေးနှိုးဆော်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယမန်နေ့ညနေ ၄ နာရီအချိန်ခန့် မြို့ပေါ်ရပ်ကွက်များအတွင်း လိုက်လံနှိုးဆော်ခဲ့ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၊ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှု

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ယနေ့ နံနက်ပိုင်း က စစ်တွေမြို့သန့်ရှင်း သာယာလှပရေးအတွက် စစ်တွေမြို့၊ ခုတင်(၅၀၀) ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးနှင့် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးကြသည်။

ကျောက်ဖြူမြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အခမ်းအနားမှူး သင်တန်း(၁/၂၀၂၃)ဆင်းပွဲအခမ်းအနားပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်း (၁/၂၀၂၃)ဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းတည့်ပိုင်းက အဆိုပါဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ၊ နည်းပြဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ထွေ/အုပ် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မင်္ဂလာကြီးကျေးရွာအတွင်း မြေပြင်တစ်အိမ်တက်ဆင်း စမ်းသပ်သန်းခေါင်းစာရင်း ကောက်ယူလျက်ရှိရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မြေပြင်တစ်အိမ်တက်ဆင်း စမ်းသပ်သန်းခေါင်းစာရင်း ဆက်လက်ကောက်ယူခြင်းကို ယမန်နေ့နံနက်ပိုင်းက မင်္ဂလာကြီးကျေးရွာအတွင်း စာရင်းကောက်အဖွဲ့မှ အဖွဲ့များခွဲ၍ စမ်းသပ်သန်းခေါင်းစာရင်း ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး (၂/၂၀၂၃)၊ လူငယ် ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ တက်ရောက်

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးခန်းမ၌ ကျင်းပ သည့် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၃) အစည်းအဝေးသို့တက်ရောက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသော မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီနှင့် ရခိုင်ပြည်နယ် လူငယ်ရေးရာကော်မတီတို့၏ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်း အစည်း အဝေးသို့ တက်ရောက်ခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်