အမ်း အောက်တိုဘာ ၁၅
နေပြည်တော်၌ ကျင်းပပြုလုပ်မည့် ၂၀၂၃ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဘော်လီဘောအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ရခိုင်ပြည်နယ်ကိုယ်စားပြု ဘော်လီဘောအားကစားသမားများအား အမ်းမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန မြို့မမိုးလုံလေလုံအားကစားခန်းမတွင် စခန်းသွင်းလေ့ကျင့်သင်ကြားပေးလျက်ရှိသည်။
အဆိုပါပြိုင်ပွဲတွင် ရခိုင်ပြည်နယ်အနေဖြင့် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အုပ်ချုပ်သူ နည်းပြ (၅) ဦးက စခန်းသွင်း လေ့ကျင့်သင်ကြားပေးနေခြင်းဖြစ်သည်။
ပြည်နယ်ကိုယ်စားပြု ဘော်လီဘောအားကစားသမားများ စခန်းသွင်းလေ့ကျင့်သင်ကြားနေမှုများကို ယနေ့နံနက်ပိုင်းတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးသန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ပြီး တွေ့ဆုံအားပေးစကားများပြောကြားကာ အားကစားအသင်းများအတွက် ကြက်ဥနှင့်ခေါက် ဆွဲခြောက်ထုတ်များ၊ ရေသန့်ဘူးများထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)