အမ်း အောက်တိုဘာ ၁၆
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၊ တပ်တောင်မြို့နှင့်ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၏ဦးဆောင်မှုဖြင့် ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးဝဏ္ဏအောင်နှင့် အမှတ်(၂)တပ်မတော်စစ်ဆေးရုံ ကုတင်(၃၀၀)မှ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက တပ်တောင်မြို့အမှတ် (၃)ရပ်ကွက် သာသနာ့ဝေပုလ္လာရာမကျောင်းတိုက်ဓမ္မာရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ထိုသို့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ခွဲစိတ်ပါရဂူ၊ အရိုးပါရဂူ၊ မျက်စိပါရဂူ၊ ဓာတ်မှန်ပါရဂူ၊ သားဖွားမီးယပ်ပါရဂူ၊ နနလပါရဂူ၊ ကလေးပါရဂူတို့မှ ဆောင်ရွက်ပေးလျက်ရှိရာ ဒေသခံပြည်သူ ကျား(၁၇၄)ဦး၊ မ (၂၇၉)ဦး စုစုပေါင်း လူနာ(၄၅၃)ဦး အားစမ်းသပ်စစ် ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအား ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးဝဏ္ဏအောင်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူများအား ဆေးရုံတက်ရောက်ကုသမှုခံယူနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး တပ်တောင်မြို့အမှတ်(၃)ရပ်ကွက် သာသနာ့ဝေပုလ္လာရာမ ကျောင်းတိုက် ဆရာတော်အား လှူဖွယ်ဝတ္တုပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)