မောင်တော အောက်တိုဘာ ၁၅
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးသူပြည်သူများသို့ ယမန်နေ့ညနေ ၄ နာရီ အချိန် မြို့မအနောက်ရပ်ကွက်၊ ဝိမလရပ်ကွက်နေ ပြည်သူများသို့ စားသုံးဆီများ ရောင်းချပေးခဲ့ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။
မောင်တောမြို့၌ Agri One Trading Co., Ltd ကုမ္ပဏီမှ ဆီစားသုံးသူများအား မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ ကြီးကြပ်လျက် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ၊ မြို့နယ်စားသုံးဆီရောင်းကိုယ်စားလှယ် ဦးတင်အောင်မိုး ဦးဆောင်သော အဖွဲ့မှ မြို့မအနောက်ရပ်ကွက်၊ ဝိမလရပ်ကွက်နေပြည်သူများသို့ စားသုံးဆီ တစ်ပိဿာလျှင် ၅၂၀၀ ကျပ် နှုန်းဖြင့် စားသုံးဆီ ၅၅၀ ပိဿာအား လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ကြသည်။ ထိုသို့ ရပ်ကွက်များအတွင်း စားသုံးဆီ ရောင်းချမှုအား အောက်တိုဘာ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ မြို့ပေါ်ရပ်ကွက် ၅ နေရာတွင် ဆက်လက် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန် (ခရိုင်ပြန်/ဆက်)