မာန်အောင်မြို့နယ်တွင် ကျေးလက်နေပြည်သူများအား တိုင်းရင်းဆေးဖြင့်(အခမဲ့)ကွင်းဆင်း ဆေးကုသပေး

မာန်အောင် အောက်တိုဘာ ၁၆

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် တိုင်းရင်းဆေးဖြင့် ကျေးလက်နေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိရာ ယနေ့မွန်လွဲ ၁ နာရီက ကုန်းခင်ကျေးရွာအုပ်စု၊ ကုန်းခင်ကျေးရွာ အ-မ-က ကျောင်းတွင် အခြေပြုလျက် ကျေးလက်နေပြည်သူများအား (အခမဲ့)ဆေးကုသပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တိုင်းရင်းဆေးကုဌာန၊ တိုင်းရင်းဆေးခန်းမှူးဦးမြင့်ဦးက ကျေးလက်နေပြည်သူများအား တိုင်းရင်းဆေးအကြောင်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ပြီး ကျေးလက်နေပြည်သူများအား သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ဒူးနာ၊ ခါးနာ၊ ချောင်းဆိုး၊ လေထိုး၊ လေအောင့်၊ အကြောတက်၊ ကိုက်ခဲ၊ သွေးတိုး၊ ဆီးချို၊ သွေးအားနည်း၊ အိပ်မပျော်၊ ထုံနာ၊ ကျဥ်နာ၊ အဆစ်ရောင်စသည့် ရောဂါခံစားနေရသူ ကျေးလက်နေပြည်သူ ၆၀ဦးအား စားဆေး၊ လိမ်းဆေးနှင့် လိုအပ်သော ဆေးဝါးများပေးခြင်းဖြင့် (အခမဲ့) ဆေးကုသပေးခဲ့ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)