ရခိုင်ပြည်နယ် မောင်တောမြို့၌  ဝိမလရပ်ကွက်နေပြည်သူများသို့ စားသုံးဆီ တစ်ပိဿာလျှင် ၅၂၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေး

မောင်တော  အောက်တိုဘာ   ၁၅

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မြန်မာနိုင်ငံဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးသူပြည်သူများသို့ ယမန်နေ့ ညနေ ၄ နာရီ အချိန် မြို့မအနောက်ရပ်ကွက်၊ ဝိမလရပ်ကွက်နေပြည်သူများသို့ စားသုံးဆီများ ရောင်းချပေးခဲ့ရာ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။

မောင်တောမြို့၌ Agri One  Trading Co., Ltd ကုမ္ပဏီမှ ဆီစားသုံးသူများအား မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ကြီးကြပ်လျက် ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များ၊ မြို့နယ်စားသုံးဆီရောင်းကိုယ်စားလှယ် ဦးတင်အောင်မိုး ဦးဆောင်သော အဖွဲ့မှ မြို့မအနောက်ရပ်ကွက်၊ ဝိမလရပ်ကွက်နေပြည်သူများသို့ စားသုံးဆီ တစ်ပိဿာလျှင် ၅၂၀၀ ကျပ် နှုန်းဖြင့် စားသုံးဆီ  ၅၅၀ ပိဿာအား လူတစ်ဦးလျှင် တစ်ပိဿာ နှုန်းဖြင့်  ဆက်လက်ဖြန့်ဖြူး ရောင်းချပေး ခဲ့ကြသည်။ ထိုသို့ ရပ်ကွက်များအတွင်း စားသုံးဆီရောင်းချမှုအား အောက်တိုဘာ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ မြို့ပေါ်ရပ်ကွက် ၅ နေရာတွင် ဆက်လက် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန်