ရခိုင်ပြည်နယ် မောင်တောမြို့နယ် မင်္ဂလာကြီးကျေးရွာအတွင်း မြေပြင်တစ်အိမ်တက်ဆင်း စမ်းသပ်သန်းခေါင်းစာရင်း ကောက်ယူလျက်ရှိရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေး

မောင်တော အောက်တိုဘာ ၁၄

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မြေပြင်တစ်အိမ်တက်ဆင်း စမ်းသပ်သန်းခေါင်းစာရင်း ဆက်လက်ကောက်ယူခြင်းကို ယမန်နေ့နံနက်ပိုင်းက မင်္ဂလာကြီးကျေးရွာအတွင်း စာရင်းကောက်အဖွဲ့မှ အဖွဲ့များခွဲ၍ စမ်းသပ်သန်းခေါင်းစာရင်း ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။

ဦးစွာ မောင်တောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ကျော်သူဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၃) ခရိုင်လဝကဦးစီးမှူး ဦးထွန်းလှဇံနှင့် ခရိုင်သန်းခေါင်းစာရင်းကော်မတီအဖွဲ့ဝင်များက မင်္ဂလာကြီးကျေးရွာအတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများက လူဦးရေနှင့်အိမ်အကြောင်းအရာ စမ်းသပ်သန်းခေါင်စာရင်းအား တစ်အိမ်တက်ဆင်း မေးမြန်းကောက်ယူနေမှုကို လှည့်လည်ကြည့်ရှုပြီး  ပြည်သူများအနေဖြင့် စမ်းသပ်သန်းခေါင်းစာရင်း ကောက်ယူရခြင်းနှင့် အချက်အလက်များကို မှန်ကန်စွာ ဖြေကြာခြင်းဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် ပြောကြားခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ မောင်တောမြို့နယ်အတွင်းရှိ မြေပြင်တစ်အိမ်တက်ဆင်း စမ်းသပ်သန်းခေါင်းစာရင်း စတင်ကောက်ယူရာတွင် ရပ်ကွက်/ကျေးရွာ အုပ်စုများအနက် မြို့မအနောက်ရပ်ကွက်  ကောက်ကွက်တစ်ကွက်တွင် စာရင်းကောက်ယူရေးအဖွဲ့ သုံးဖွဲ့ဖြင့်  နှစ်ရက်တာကောက်ယူပြီးစီးပြီးဖြစ်ကြောင်းနှင့် မင်္ဂလာကြီးကျေးရွာအုပ်စုတွင် ကောက်ကွက် ၅ ကွက်ရှိရာ ကောက်ကွက်တစ်ကွက်တွင် စာရင်းကောက်ယူရေးအဖွဲ့သုံးဖွဲ့ဖြင့် ဆက်လက်ကောက်ယူလျက်ရှိရာ လူဦးရေနှင့်အိမ်အကြောင်း အရာသန်းခေါင်စာရင်းကို Mobile Tablet များအသုံးပြုပြီး CAPI နည်းစနစ်ဖြင့် တစ်အိမ်တက်တစ်အိမ်ဆင်း စာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန်