မွန်ပြည်နယ်

ချောင်းဆုံမြို့နယ်၌ (စနစ်တကျ) လယ်ယာမြေ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေး တောင်သူများနှင့် တွေ့ဆုံပွဲ ပြုလုပ်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများ ပူးပေါင်းပါဝင်သည့် စနစ်တကျ အဆင့်မြင့်လယ်ယာမြေများ ဖော်ဆောင်နိုင်ရေးအတွက် မွန်ပြည်နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအဖွဲ့နှင့် ခရိုင်၊ မြို့နယ်အဆင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ယမန်နေ့ နံနက်(၉)နာရီက ကျွန်းသာယာခန်းမ၌ နတ်မှော်ကျေးရွာ၊ ကွမ်ရိုက်ကျေးရွာနှင့် ကမာကေးကျေးရွာများရှိ တောင်သူများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းက ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သထုံမြို့နယ်၌ အမှိုက်အမျိုးအစားအလိုက် ခွဲခြားစွန့်ပစ်နိုင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ အမှိုက်အမျိုးအစားအလိုက် ခွဲခြားစွန့်ပစ်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ နဝဒေးခန်းမ၌ ကျင်းပပြုလုပ်သည်။

မုဒုံမြို့၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာစီစာကုံး၊ ကဗျာ၊ ပုံပြင်ပြော၊ ပန်းချီပြိုင်ပွဲများနှင့် စာအုပ်စာစောင်နံရံကပ်ပိုစတာ ပြသဆောင်ရွက်ခြင်းကို ဇူလိုင် ၁ ရက်နေ့က အ.ထ.က (၂) ကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂ဝ၂၅ ခုနှစ် မွန်ပြည်နယ်အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေး အလံပေးအပ်ခြင်း အခမ်းအနားတက်ရောက်

၂ဝ၂၅ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ခြင်း အခမ်းအနားကို ဇူလိုင် ၂ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံးရာမညခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့၀င်၀န်ကြီးများ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ အမျိုးသားဘောလုံးအသင်းမှ အဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့သည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကောင်စီအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် ကတိသစ္စာခံယူခြင်း အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ် ပေါ်တော်မူကျေးရွာ အခြခံပညာမူလတန်း (လွန်) ကျောင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကောင်စီအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် ကတိသစ္စာခံယူခြင်း အခမ်းအနားကို ဇွန် ၃၀ ရက်နေ့ နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် မုန်တိုင်းဘေးနှင့် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စုပေါင်းဇာတ်တိုက် လေ့ကျင့်

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ၏ဦးဆောင်မှုဖြင့် မုန်တိုင်းဘေးနှင့်ရေဘေးအန္တရာယ် ဖြစ်ပွားလာပါက ကြိုတင်ကာကွယ်နိုင်ရေး စုပေါင်းဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျိုက်ထိုမြို့၊ မြောက်ပိုင်းရပ်ကွက်ရှိ ကဒက်ချောင်းရေထိန်းတံခါး၌ ပြု လုပ်ခဲ့ကြသည်။

လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်ပွဲ ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၈၈)စက်မှုလယ်ယာစခန်းနှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(သထုံ)တို့ ပူးပေါင်း၍ဖွင့်လှစ်သည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်က မြေနီကုန်းကျေးရွာရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ဘီးလင်းမြို့နယ်၌ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်‌တွေ့သရုပ်ပြသခြင်း ဆောင်ရွက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့နံနက်ပိုင်းက ဘီးလင်းမြို့ မင်္ဂလာစျေးရှေ့၌ ပြုလုပ်ခဲ့သည်။

ရေးမြို့နယ်၌  သဘာဝဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေးနှင့် ရှေးဦးသူနာပြုစုနည်း လေ့ကျင့်ရေး သင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ ရေးမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်နှင့်  အရေးပေါ်အခြေအနေဖြစ်လာပါက အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရန်အတွက် သဘာဝဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေးနှင့် ရှေးဦးသူနာပြုစုနည်း လေ့ကျင့်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၂၉ ရက်နေ့ နံနက် ၉ နာရီက ရန်မျိုးအောင်ရပ်ကွက်၊  မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးတွင် ကျင်းပခဲ့သည်။
Subscribe to မွန်ပြည်နယ်