ဘီးလင်းမြို့နယ်တွင် ရန်ကုန်-မော်လမြိုင်ကားလမ်းရေကျော်မှုကြောင့်ယာဉ်ကြီးများသာ ဖြတ်သန်းသွားလာခွင့်ပြု

ဘီးလင်း ဇူလိုင် ၃၁

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင်မိုးအဆက်မပြတ်ရွာသွန်းပြီး ဘီးလင်းမြစ်ရေမြင့်တက်ကာ ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းရေကျော်မှုကြောင့် ဇူလိုင် လ ၂၉ ရက်နေ့ နံနက်ပိုင်းမှစတင်၍ မော်တော်ယာဉ်ငယ်များဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားကြောင်း သိရသည်။

ယခုအခါ ဘီးလင်းမြစ်ရေသည်စိုးရေချိန်အမှတ် ၁၀၂၂ စင်တီမီတာအထက် ၁၀၇၆ စင်တီမီတာသို့ကျော်လွန်ကာ ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်း မိုင် တိုင်အမှတ် ၁၂၈/၇ နှင့် ၁၂၉/၁ ကြားတွင် ရေလမ်းအကျယ် ပေ ၄၀၀ ရေအနက် ၆ လက်မခန့်နှင့်  မိုင်တိုင်အမှတ်၁၂၇/၅ နှင့် ၁၂၈/၀ ကြားတွင် ရေလမ်းအကျယ် ပေ ၄၅၀ ရေအနက် ၁၀ လက်မ ခန့် ရေလွှမ်းမှုများဖြစ်ပေါ်နေ၍ မြို့နယ်လမ်းဦးစီးဌာနမှ လမ်းပြအမှတ်အသားများ စိုက်ထူခြင်းတို့ကိုဆောင်ရွက်ထားရှိသည်။

ကားလမ်းရေကျော်မှုကြောင့် ယာဥ်ကြီးများကိုသာဖြတ်သန်းသွားလာခွင့်ပြုပြီး ယာဥ်ငယ်များကိုဖြတ်သန်းသွားလာခွင့်ယာယီပိတ်ထားကြောင်းသိရသည်။ အဆို ပါယာဥ်ကြီးများ ဘေးအန္တရာယ်ကင်းစွာသွားလာနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူအောင်နှင့်စီမံအဖွဲ့ဝင်များ၊ တာဝန်ရှိသူအသီးသီးတို့က ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)