ဘီးလင်းမြစ်ရေ စိုးရိမ်ရေအမှတ်ထက်‌ကျော်လွန်မြင့်တက်လာမှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်း(၁၀)ခု ဖွင့်လှစ်ထားရှိ

ဘီးလင်း ဇူလိုင် ၂၉

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ဇူလိုင် ၂၇ ရက်က မိုးအဆက်မပြတ်ရွာသွန်းပြီး ဘီးလင်းမြစ်ရေမြင့်တက်လာမှုကြောင့် ရပ်ကွက်/ကျေးရွာမြေနိမ့်ပိုင်းနေရာရှိ နေအိမ်များသို့ ရေကြီးရေလျှံမှုဖြစ်ပွားကာ ရေဘေးသင့်ပြည်သူများအား ဇူလိုင် ၂၈ ရက်တွင် ရေဘေးကယ်ဆယ်ရေးစခန်း(၁၀)ခုဖွင့်လှစ်၍ ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း သိရသည်။

ဘီးလင်းမြစ်ရေသည် ဇူလိုင် ၂၈ ရက်မွန်းလွဲပိုင်းတွင် ဘီးလင်းမြစ်၏ စိုးရိမ်ရေအမှတ် (၁၀၂၂) စင်တီမီတာအထက် (၁၀၄၂)စင်တီမီတာသို့ (၂၀)စင်တီမီတာ ကျော်လွန်ရောက်ရှိလာသည့်အတွက် မြို့ပေါ်ရပ်ကွက် (၄)ခုနှင့် ကျေးရွာအုပ်စု (၅)အုပ်စုတို့တွင် ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့သည်။

အဆိုပါ ရေဘေးသင့်ဒေသမှ ပြည်သူများအား မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏စီစဉ်မှုဖြင့် တပ်မ‌တော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များက ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၁၀)ခုဖွင့်လှစ်၍ အိမ်ထောင်စု (၇၀၆)စုမှ အမျိုးသား (၁၂၃၀)ဦး၊ အမျိုးသမီး (၁၅၁၄)ဦး၊ စုစုပေါင်း (၂၇၄၄)ဦးတို့အား ပြောင်းရွှေ့နေရာချထားခဲ့ကြောင်း သိရသည်။

မြိုနယ် (ပြန်/ဆက်)