မုဒုံမြို့နယ်၌ ဒေသခံတောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်း ၅၀၀၀ ကျော် ထုတ်ချေးပြီးစီး
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ၂၀၂၅-၂၀၂၆ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးစပါးနှင့်အခြားမိုးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် စဉ်ဆက်မပြတ် ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ယနေ့အထိ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ စုစုပေါင်းကျပ် (၅၃၁၃) သိန်းကို ထုတ်ချေးပြီးစီးသွားပြီဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။