မွန်ပြည်နယ်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကြည့်ရှု၊ ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနား တက်ရောက်

မော်လမြိုင်မြို့ သန့်ရှင်းသာယာလှပရေးနှင့် အမှိုက်များကင်းရှင်းရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ ခြင်၊ ယင်၊ ပိုးလောက်လန်းများ မပေါက်ဖွားနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်၊ အမှတ် (၆) တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း၊ အရှေ့မျက်နှာစာနှင့် အဝင်လမ်းဘေးဝဲယာ ပတ်ဝန်းကျင်၌ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများမှ ချုံ၊ နွယ်၊ မြက်၊ ရေမြောင်းများ၊ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို မွန်ပြည်နယ်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ရေးမြို့နယ်၌ ကျောင်းကျန်းမာရေးရက်သတ္တပတ် ကျန်းမာရေးစစ်ဆေးခြင်းနှင့် KG တန်း ကလေးငယ်များအား ကျောင်းတွင်းအာဟာရကျွေး‌မွေးခြင်း ဆောင်ရွက်

မွန်ပြည်နယ်၊ ရေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးရက်သတ္တပတ် ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် KG တန်း ကလေးငယ်များအား အာဟာရဖွံ့ဖြိုးပြီး ကိုယ်ခန္ဓာကျန်းမာသန်စွမ်းစေရန် ကျောင်းတွင်းအာဟာရကျွေးခြင်းကို ဩဂုတ် ၁၄ ရက်နံနက်ပိုင်းက အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မုဒုံမြို့တွင် သိန်းသန်း (မြန်မာမှု) ပန်းပုလုပ်ငန်း အောင်မြင်စွာ လုပ်ကိုင်နေမှုအား သွားရောက်ကြည့်ရှု၍ အသက်(၂၅)နှစ်အောက် အမျိုးသား ဖူဆယ်အသင်းအား အောင်နိုင်ရေးအလံပေးအပ်ခြင်း အခမ်းအနားတက်ရောက်

မွန်ပြည်နယ်အတွင်း မြန်မာ့ရိုးရာ ယဉ်ကျေးမှု ပန်း (၁၀) မျိုးအတတ်ပညာကို ယဉ်‌ကျေးမှု အမွေတစ်ရပ်အနေဖြင့် ထိန်းသိမ်းစောင့်ရှာက် လက်ဆင့်ကမ်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဩဂုတ်လ ၁၄ ရက်နေ့၊ နံနက်ပိုင်းက ‌မုဒုံမြို့၊ မြို့မ ၄ ရပ်ကွက်၊ ကျုံဖိုက်တံတားအနီးရှိ သိန်းသန်းမြန်မာမှု (ပန်းပုလုပ်ငန်း) သို့ရောက်ရှိပြီး အဆိုပါ ပန်းပုလုပ်ငန်းတွင် သစ်သားဖြင့်၊ ဗုဒ္ဓရုပ်ပွား တော်မြတ်များ၊ ဇတ်နိပါတ် ရုပ်လုံးရုပ်ကြွများ၊ အသုံးအဆောင် ပန်းပုလက်မှု ပစ္စည်းများ ထုဆစ်လုပ်ကိုင်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။

ရေးမြို့နယ်၌ ကျောင်းသားလူငယ်များ စာဖတ်ရှိန်ပိုမိုမြင့်မားစေရေး လူငယ်ရေးရာအသိပညာပေးဟောပြော

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များအနေဖြင့် ကျောင်းစာသင်ယူမှုအပြင် ပြင်ပဗဟုသုတများ ကြွယ်ဝစေရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ဩဂုတ် ၁၃ ရက်က အမှတ်(၄)အခြေခံပညာမူလတန်း(လွန်)ကျောင်းနှင့် အမှတ်(၉)အခြေခံပညာမူလတန်း(လွန်)ကျောင်းတို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောခဲ့သည်။

အ.ထ.က (ဘီးလင်း) ကျောင်း၌၊ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က(ဘီးလင်း)ကျောင်း ပညာ့အားမာန်ခန်းမ၌ ကျင်းပပြုလုပ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့ အဆင့်မြင့်ငါးစျေးသစ်အတွင်း ကွင်းဆင်းကြည့်ရှု

မော်လမြိုင်မြို့၊ ကျောက်မီးသွေးရုံလမ်းနှင့် ကမ်းနားလမ်းကြားတွင်ရှိသည့် မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် ရတနာထွန်းငါးဈေးမှာ မြို့၏အဓိကလမ်းမကြီးဖြစ်သည့် ကမ်းနားလမ်းအဆုံးတွင်တည်ရှိပြီး အနံ့အသက်များထွက်ခြင်း၊ ရေသုံးစွဲမှုများပြားခြင်းကြောင့် လမ်းများပေါက်ပြဲပျက်စီးလာသည့်အတွက် ဇွန်လ ၂၀ ရက်မှစတင်ကာ မုပွန်တိုးချဲ့အိမ်ရာကွက် အဆင့်မြင့်ငါးစျေးသစ်သို့ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဩဂုတ် ၁၃ ရက်နေ့နံနက်ပိုင်းက သားငါးဈေးတန်းများတွင် ဈေးသူ၊ ဈေးသားများ လွတ်လပ်အေးချမ်းစွာ ဈေးရောင်းချနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဒူးရင်းဆိပ်ကျေးရွာမှ ရေကြီးနစ်မြုပ်ခဲ့သော ရေတွင်းရေကန်များအား ကလိုရင်းဆေးများလိုက်လံခတ်ပေး

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒူးရင်းဆိပ်ကျေးရွာတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ ရေနစ်မြုပ်ခံခဲ့ရသည့်ရေတွင်းများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက ကလိုရင်းဆေးများ လိုက်လံခတ်ပေးလျက်ရှိကြောင်း သိရသည်။

သထုံခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မွန်ပြည်နယ်၊ သထုံခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၁၄ ရက်နံနက်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ပေါင်မြို့နယ်(အ.လ.က)ပုသိမ်ကွင်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်(အ.လ.က)ပုသိမ်ကွင်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်နယ်လှည့်စာကြည့်တိုက်ဆိုင်ရာအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ပေါင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဇော်ဦး၊ ဒုတိယဥပဒေအရာရှိ​ဒေါ်ဝင့်ရည်ဦး၊ အမှတ်(၇၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စုသထုံမှရဲအုပ်နိုင်ထွန်း၊ အမှတ်(၆၂)မူးယစ်တပ်ဖွဲ့စုသထုံမှ ရဲအုပ်နေဝင်းဌေး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်တင်ဇာစိုးနှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

သံဖြူဇရပ်မြို့နယ်တွင် ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ကလေးအလုပ်သမားဆိုင်ရာအသိပညာပေးဟောပြောပွဲကို ဩဂုတ် ၁၄ ရက် မွန်းလွဲပိုင်းက လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြို​ကျောင်း၌ ပြုလုပ်ခဲ့သည်။ ဟောပြောပွဲတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဆန်းပြည့်​အောင်က အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးကော်မတီမှ ထုတ်ပြန်ထားသည့် ဥပဒေများနှင့်အညီ ကူညီစောင့်ရှောက်ပေးသွားမည်ဖြစ်ကြောင်း၊ ကလေးငယ်များ ပြစ်မှုတစ်စုံတစ်ရာကျူးလွန်ပါက အသက်အရွယ်အလိုက် အသက်မွေးပညာကျောင်းများသို့ ပို့ဆောင်၍ အသက်မွေးပညာရပ်များကို သင်ကြားပို့ချလျက်ရှိကြောင်း ရှင်းလင်း‌ဟောပြောကြားပြီး က​လေးအလုပ်သမားဆိုင်ရာ အသိပညာ​ပေး လက်ကမ်းစာ​စောင်ကို ဖြန့်​ဝေခဲ့ကြသည်။
Subscribe to မွန်ပြည်နယ်