သထုံ ဩဂုတ် ၁၆
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒူးရင်းဆိပ်ကျေးရွာတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ ရေနစ်မြုပ်ခံခဲ့ရသည့်ရေတွင်းများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက ကလိုရင်းဆေးများ လိုက်လံခတ်ပေးလျက်ရှိကြောင်း သိရသည်။
ကလိုရင်းဆေးများ လိုက်လံခတ်ပေးရာတွင် သထုံခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းဦး၏ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ဒူးရင်းဆိပ်ကျေးရွာအနိမ့်ပိုင်း အမှတ်(၁)၊ အမှတ်(၂)နှင့် အမှတ်(၆)ရပ်ကွက်တို့မှ ရေတွင်းရေကန်တို့အား ကလိုရင်းဆေးများလိုက်လံခတ်ပေးခြင်း၊ ပြည်သူများအား ဝမ်းပျက်၊ ဝမ်းလျှောရောဂါမဖြစ်အောင် အသိပညာပေးဟောပြောခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)