အ.ထ.က (ဘီးလင်း) ကျောင်း၌၊ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ဘီးလင်း သြဂုတ် ၁၆

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က(ဘီးလင်း)ကျောင်း ပညာ့အားမာန်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အ.ထ.က(ဘီးလင်း)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “မြန်မာ့ကျောင်း” သီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး ဘီးလင်းမြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးတင်မွန်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းက ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ပန်းချီ၊ ကဗျာ၊ ကာတွန်း ပြိုင်ပွဲများတွင်   ပထမ၊ ဒုတိယ၊ တတိယ ရရှိကြသော ကျောင်းသား၊ ကျောင်းသူများကို ဘီးလင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစည်သူအောင်နှင့် တာဝန်ရှိသူအသီးသီးတို့က ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး အ.ထ.က(ဘီးလင်း)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ဇာတိမာန်” သီချင်းသီဆိုကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)