သထုံ ဩဂုတ် ၁၆
မွန်ပြည်နယ်၊ သထုံခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၁၄ ရက်နံနက်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရှေးဦးစွာ ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီများကို အမျိုးသားအတင့်မှသည် မြို့နယ်အဆင့်အထိဖွဲ့စည်းပြီး တာဝန်များသတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်း လမ်းညွှန်ချက်များနှင့်အညီ ကလေးများအတွက် အကောင်းဆုံးအကျိုးစီးပွားတို့ကို ဆက်စပ်ကော်မတီဝင်ဌာနတို့မှ ပူးပေါင်းအကောင်အထည်ဖော်လျက်ရှိကြောင်း ယခုအစည်းအဝေးတွင် ထိခိုက်လွယ်အုပ်စုတို့မှ ကလေးများအပါအဝင် အနာဂတ်ကလေးများ အကျိုးစီးပွားဖော်ဆောင်မှုနှင့်ပက်သတ်သည့် အားသာချက်၊ အားနည်းချက်တို့ကိုဆွေးနွေးပြီး ရှေ့ဆက်ကလေးများဖွံ့ဖြိုးတိုးတက်ရေး အစီအစံများချမှတ်နိုင်ရန် အကြံပြုကြစေလိုကြောင်း အမှာစကားပြောကြားသည်။
ယင်းနောက် သထုံခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်ဦးက လူမှုဝန်ထမ်းဦးစီးဌာန၏ဆောင်ရွက်ချက်များ၊ သထုံခရိုင်အတွင်း ကလေးသူငယ်အခွင့်အရေးဆိုင်ရာဆေင်ရွက်နေမှုတို့ကို ရှင်းလင်းပြောကြားရာ ခရိုင်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က လိုအပ်သည်တို့ကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ သထုံခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌနှင့် ခရိုင်ကော်မတီဝင် ဌာနဆိုင်ရာများ၊ ခရိုင်လူမှုဝန်ထမ်းရုံးမှဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)