ပေါင် သြဂုတ် ၁၆
မွန်ပြည်နယ်၊ ပေါင်မြို့နယ်(အ.လ.က)ပုသိမ်ကွင်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်နယ်လှည့်စာကြည့်တိုက်ဆိုင်ရာအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ပေါင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဇော်ဦး၊ ဒုတိယဥပဒေအရာရှိဒေါ်ဝင့်ရည်ဦး၊ အမှတ်(၇၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စုသထုံမှရဲအုပ်နိုင်ထွန်း၊ အမှတ်(၆၂)မူးယစ်တပ်ဖွဲ့စုသထုံမှ ရဲအုပ်နေဝင်းဌေး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်တင်ဇာစိုးနှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပေါင်မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမြင့်ဇော်ဦးက အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၇၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စုသထုံမှရဲအုပ်နိုင်ထွန်းက ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်းဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊ မြို့နယ်ဒုတိယဥပဒေအရာရှိဒေါ်ဝင့်ရည်ဦးက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများကိုလည်းကောင်း၊ အမှတ်(၆၂)မူးယစ်တပ်ဖွဲ့စုသထုံမှ ရဲအုပ်နေဝင်းဌေးက မူးယစ်ဆေးဝါး၏ဆိုးကျိုးများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်တင်ဇာစိုးက စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ လူကုန်ကူးမှု၏ဆိုးကျိုးများကိုလည်းကောင်း အကျယ်တဝင့်ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများကသိလိုသည့်အကြောင်းအရာများကိုမေးမြန်းခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများကပြန်လည်ဖြေကြားခဲ့သည်။ ဆက် လက်၍(အ.လ.က)ပုသိမ်ကွင်းကျောင်းအုပ်ဆရာမကြီးဒေါ်ချောစုမက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ တစ်ဆက်တည်းမှာပင် အမှတ်(၇၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုသထုံမှ ယာဉ်စည်းကမ်းဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်နှင့်ပေါင်မြို့နယ်ဥပဒေရုံးမှ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလက်ကမ်းစာစောင်များပေးဝေခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့်နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုခဲ့ကြောင်းသိရသည်။
မွန်မလေး(ပြန်/ဆက်)