သံဖြူဇရပ် ဩဂုတ် ၁၅
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ကလေးအလုပ်သမားဆိုင်ရာအသိပညာပေးဟောပြောပွဲကို ဩဂုတ် ၁၄ ရက် မွန်းလွဲပိုင်းက လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၌ ပြုလုပ်ခဲ့သည်။ ဟောပြောပွဲတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဆန်းပြည့်အောင်က အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးကော်မတီမှ ထုတ်ပြန်ထားသည့် ဥပဒေများနှင့်အညီ ကူညီစောင့်ရှောက်ပေးသွားမည်ဖြစ်ကြောင်း၊ ကလေးငယ်များ ပြစ်မှုတစ်စုံတစ်ရာကျူးလွန်ပါက အသက်အရွယ်အလိုက် အသက်မွေးပညာကျောင်းများသို့ ပို့ဆောင်၍ အသက်မွေးပညာရပ်များကို သင်ကြားပို့ချလျက်ရှိကြောင်း ရှင်းလင်းဟောပြောကြားပြီး ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်ကို ဖြန့်ဝေခဲ့ကြသည်။
အဆိုပါဟောပြောပွဲသို့ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)