မွန်ပြည်နယ်

ကျိုက်ထို မြို့နယ်တွင် ကိုဗစ်-၁၉ကာလအတွင်း သံဃာတော်များ နှင့် သာသနာ့နွယ်ဝင်သီလရှင်များ အတွက်မြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်တော် လှူဒါန်းပွဲသို့ မည်သူ မဆို ပါဝင်ကုသိုလ်ယူနိုင်

ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များ ဆွမ်းဝေယျာဝစ္စ အဆင်ပြေစေရေး မြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ပဲနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းနိုင်ရေးအတွက်အလှူခံမဏ္ဍပ်ဖွင့်လှစ်ခြင်းကို ကျိုက်ထိုမြို့ နယ်ကျိုက်ထီးရိုးသမိုင်းပြတိုက် ရှေ့တွင် စက်တင်ဘာ ၁၇ ရက် မှ အောက်တိုဘာ ၃၀ရက်နေ့အထိ ဖွင့်လှစ်ပေးထားမည်ဖြစ်ရာ မည်သူမဆို ပါဝင်လှူဒါန်း နိုင်ကြောင်း သိရသည်။

မော်လမြိုင်တွင် အငြိမ်းစားပင်စင်လစာများ ကိုဗစ်−၁၉ ကာကွယ်ရေးစည်းကမ်းများအညီ ဆက်လက်ထုတ်ပေး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲ(၂)တွင်အငြိမ်းစားဝန်ထမ်းပင်စင်လစာ ငွေများကို လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိရာကိုဗစ်-၁၉ကာလအတွင်းရောဂါကူးစက်မှုမဖြစ်ပေါ်စေရေး နှင့် သက်ကြီးပင်စင်စားများ အေးချမ်းစွာ ငွေထုတ်ယူနိုင်ရေးတို့အတွက် အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းတွင် စက်တင်ဘာ၂၁ရက်မှစတင်ကာနေ့စဉ်နံနက်၈နာရီမှစ၍ဆက်လက်ထုတ် ပေးလျက်ရှိကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ်တွင်  အသက်(၅၅)နှစ်အထက်ပြည်သူများအား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးကို နဝမမြောက်နေ့ အဖြစ်ဆက်လက်ထိုးနှံပေးလျက်ရှိ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ကာကွယ်  ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးမထိုးရသေးသည့် အသက်(၅၅) နှစ် အထက် ပြည်သူ များအား   ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို    ယမန်နေ့က နဝမ မြောက်နေ့ အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံသူတို့၏ စကားသံများ

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတစ်ဝန်းလုံးရှိပြည်သူများအတွက်ကိုဗစ်-၁၉ကူးစက်ရောဂါဖြစ်ပွားမှု ကိုထိရောက်စွာဟန့်တားပေး နိုင်ရေးနှင့်ပြည်သူလူထုအတွင်း လူမှုစီးပွားဘဝပြန်လည် ဖွံ့ဖြိုးတိုးတက် စေရေးတို့အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး  ထိုးနှံပေးခြင်းကို  မြို့ပြ/ကျေးလက်များမကျန်     စုရပ်များသတ်မှတ်၍  အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိရာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်

ချောင်းဆုံ၌ "လူမှုဘဝပြည်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆိုင်းဘုတ် (Bill Board)စိုက်ထူ

မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ "လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်အတိုင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စီစစ်ရေး ကတ်ပြားဆောင်ရွက်ပေးနေမှုကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ဆက် သွယ်နိုင်ရန်အတွက် ပန်းခင်းစီမံချက် ဆိုင်းဘုတ်စိုက်ထူခြင်းကို ယမန်နေ့နံနက် (၁၁)နာရီခွဲအချိန်က ချောင်းဆုံမြို့နယ် ကညှော်ကျေးရွာရှိ ဟင်္သာအဝိုင်း၌ ပြုလုပ်စိုက်ထူသည်။

ရေးမြို့နယ်၌ ပြည်သူ ၂၅၅၃၀ဦးအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) အေးချမ်းစွာ ထိုးနှံပေးနိုင်ခဲ့

မွန်ပြည်နယ် ရေးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm)တတိယသုတ် ပထမအကြိမ်ကို စက်တင်ဘာလ ၁၆ရက်နေ့မှ သတ်မှတ်အုပ်စု ၁၃နေရာတွင် စတင်နှံပေးခဲ့ရာ ယမန်နေ့ထိ ပြည်သူ(၂၅၅၃၀) ဦးအား ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်၌ ပန်းခင်းစီမံချက် အသိပညာပေး လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ မြေစိုက်ပိုစတာ စိုက်ထူ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် ပန်းခင်းစီမံချက် အသိပညာပေး လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ မြေစိုက်ပိုစတာ စိုက်ထူးခြင်းကို ယနေ့ နံနက်ပိုင်းက ပေါင်မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပေါင်မြို့နယ်မ င်္ဂလာဈေးရှေ့တို့၌ စိုက်ထူခဲ့သည်။

ကျိုက်ထိုမြို့နယ်၌ "လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့" Bill Board စိုက်ထူထားရှိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက် အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးနှင့် ပြည်သူများအနေဖြင့် တွေ့မြင်သိရှိပြီး ဆက်သွယ်လုပ်ကိုင် ဆောင်ရွက်နိုင်စေရေးအတွက် ပန်းခင်းစီမံချက် Bill Board စိုက်ထူပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီက ကျိုက်ထိုမြို့အဝင် ကျိုက်ထို-ကျိုက်ထီးရိုးလမ်းဆုံ အဝိုင်း၌ ပြုလုပ်ခဲ့သည်။

"လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဗီနိုင်းမြေစိုက်ပိုစတာဘီးလင်း​မြို့နယ်၌စိုက်ထူ

သထုံခရိုင်၊ဘီးလင်း မြို့နယ်တွင် စက်တင်ဘာ ၂၃ ရက်နံနက် ၉ နာရီက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပန်းခင်းစီမံချက်ဖြင့် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့" ဗီနိုင်းမြေစိုက်ပိုစတာစိုက်ထူပွဲကို မြို့မအားကစားကွင်းရှေ့၌ပြုလုပ်ခဲ့သည်။

မေထုန်မဲ့ဝက်မျိုး သားဖောက်မွေးမြူထားရှိမှု ကြည့်ရှုစစ်ဆေးပြီး မွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေး အားပေးဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများ စနစ်တကျဖြင့် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူတို့ပူးပေါင်းကာ ယမန်နေ့ မွန်းလွဲပိုင်းက ထောင်မှူးကျေးရွာအုပ်စု၊ သရက်ညီနောင်ကျေးရွာရှိ တောင်သူ တစ်ဦး၏ ဝက်မွေးမြူရေးခြံ၌ မေထုန်မဲ့ဝက်မျိုး သားဖောက်မွေးမြူထားရှိမှု အခြေအနေအား ကြည့်ရှုအားပေးခဲ့ကြသည်။
Subscribe to မွန်ပြည်နယ်