သံဖြူဇရပ် စက်တင်ဘာ ၂၄
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးမထိုးရသေးသည့် အသက်(၅၅) နှစ် အထက် ပြည်သူ များအား ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ယမန်နေ့က နဝမ မြောက်နေ့ အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် ကာကွယ်ဆေး လာရောက်ထိုးနှံ သူများအား ကျန်းမာရေးဝန်ထမ်းများက သွေးပေါင်ချိန်ခြင်း၊ သွေးတွင်း အောက်ဆီဂျင် လည်ပတ်မှုနှုန်းတိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ရောဂါအခံရှိ/မရှိ မေးမြန်းခြင်း တို့ကို ဆောင်ရွက်ပေးခဲ့ ကြပြီး ကျန်းမာရေး ဝန်ထမ်းများ မှ ကျန်းမာရေး လမ်းညွှန်ချက်များ နှင့်အညီ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပြီး သံဖြူဇရပ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို စုရပ် (၇) နေရာတွင် ဆက်လက်ထိုးနှံပေးရာ စက်တင်ဘာ ၂၃ ရက်နေ့အထိ လူဦးရေ စုစုပေါင်း(၁၉၉၀၅)ဦး ထိုးနှံပြီးစီးကြောင်း မြို့နယ်ကျန်းမာရေးဦးစီး ဌာနမှ သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)