ချောင်းဆုံ စက်တင်ဘာ ၂၄
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ "လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်အတိုင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စီစစ်ရေး ကတ်ပြားဆောင်ရွက်ပေးနေမှုကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ဆက် သွယ်နိုင်ရန်အတွက် ပန်းခင်းစီမံချက် ဆိုင်းဘုတ်စိုက်ထူခြင်းကို ယမန်နေ့နံနက် (၁၁)နာရီခွဲအချိန်က ချောင်းဆုံမြို့နယ် ကညှော်ကျေးရွာရှိ ဟင်္သာအဝိုင်း၌ ပြုလုပ်စိုက်ထူသည်။
အဆိုပါ ဆိုင်းဘုတ်စိုက်ထူရာတွင် ဒေသခံတိုင်းရင်းသားပြည်သူများအတွက် နိုင်ငံသားအခွင့် အရေး မဆုံးရှုံးစေရန်နှင့် ပြည်သူများက ပူးပေါင်းပါဝင်စေရေး၊ နိုင်ငံသားတိုင်းအားလုံး ဥပဒေနှင့်အညီ အိမ်ထောင်စုလူ ဦးရေစာရင်းနှင့် နိုင်ငံသားအသိအမှတ်ပြုသတ်သေခံကတ်ပြား တစ်မျိုးမျိုး ရရှိစေရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့" ပန်းခင်းစီမံချက် ဆိုင်းဘုတ်ကိုမြို့နယ်အတွင်းရှိအများပြည်သူများ ထင်သာမြင်သာရှိသည့် နေရာ တွင် စိုက်ထူရာ အဆိုပါ ဆိုင်းဘုတ်စိုက်ထူအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးဇော်မင်းသန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး ဇော်မင်း၊ လဝက ဦးစီးမှူးဦးမောင်မောင်ဌေးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အရန်မီးသတ်တပ်ဖွဲ့များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ကြပြီး အဆိုပါဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖြန်း ခဲ့ကြကြောင်းသိရသည်။
ချောင်းဆုံ(ပြန်/ဆက်)