ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံသူတို့၏ စကားသံများ

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတစ်ဝန်းလုံးရှိပြည်သူများအတွက်ကိုဗစ်-၁၉ကူးစက်ရောဂါဖြစ်ပွားမှု ကိုထိရောက်စွာဟန့်တားပေး နိုင်ရေးနှင့်ပြည်သူလူထုအတွင်း လူမှုစီးပွားဘဝပြန်လည် ဖွံ့ဖြိုးတိုးတက် စေရေးတို့အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး  ထိုးနှံပေးခြင်းကို  မြို့ပြ/ကျေးလက်များမကျန်     စုရပ်များသတ်မှတ်၍  အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိရာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင်လည်း  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံသူတို့၏ စကားသံများကို ပြန်လည် ဖော်ပြအပ်ပါသည်။

 

မော်လမြိုင်     စက်တင်ဘာ    ၂၄

 

၁။      ဒေါ်မေဓိယာ (ပရိယတ္တိဝေဒီသီလရှင်ကျောင်းတိုက်၊ စျေးကြိုရပ်ကွက်၊မော်လမြိုင်မြို့နယ်) ဆရာလေးအမြင်အနေနဲ့ကတော့  လူတိုင်း  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးသင့်   ပါတယ်၊ဆရာလေးကာကွယ်ဆေးမထိုးရသေးခင်က သူများပြောပါတယ်ဆေးထိုးရင်အန္တရာယ်ရှိနိုင်၊ ဒါပေမယ့် ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်ဆိုတော့  ကာကွယ်ဆေးထိုးပြီးရင်  ၁၀၀   ရာခိုင်နှုန်းလောက် မကာကွယ်နိုင်ပေမယ့်အနည်း၊အများကာကွယ်နိုင်မယ်လို့ယုံကြည်ပါတယ်၊ကိုဗစ်-၁၉ကာကွယ်ဆေး ပြည်သူတွေအနေနဲ့ရော၊  သာသနာ့နွယ်ဝင် ပုဂ္ဂိုလ်တွေအနေနဲ့ရော အားလုံး ကာကွယ်ဆေးထိုးနှံကြ ပါလို့ တိုက်တွန်းချင်ပါတယ်။ဒီကာကွယ်ဆေးကို ပြည်သူတွေအပေါ်  စေတနာထားပြီး   ထိုးခွင့်ရတဲ့ အတွက် ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဌာနဆိုင်ရာ တွေကျေးဇူး အများကြီးတင်ပါတယ်။

 

၂။       ဒေါ်ကြည်ကြည် (စစ်ကဲကုန်းရပ်ကွက်၊ မော်လမြိုင်မြို့နယ်) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ပထမဆုံးအကြိမ် ထိုးနှံခြင်းဖြစ်ပါတယ်။ကာကွယ်   ဆေးထိုးလိုက်ရတဲ့အတွက် ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတယ်လို့ ခံစားရပါတယ်။ ကာကွယ်ဆေးမထိုး ခင်အချိန်ထိ  စိတ်ပူတာတွေရှိခဲ့ပါတယ်၊  မိမိကိုယ်မှာဘဲ ရောဂါခံစားရသလိုထင်မိပါတယ်၊ အိမ်မှာရှိ တဲ့ကလေး တွေကာကွယ်ဆေးထိုးနှံကြဖို့ကိုပြောထားပါတယ်၊ကာကွယ်ဆေးထိုးပြီးတဲ့လူတိုင်းအနေနဲ့ကျန်းမာ​ရေးဝန်ကြီးဌာနရဲ့ သတ်မှတ်ထားတဲ့ အိမ်အပြင်ထွက်တဲ့အခါတိုင်း နှာခေါင်းစည်းတပ်ဆင် ခြင်း၊ အပြင်မှပြန်လာပြီးတိုင်း လက်ကိုဆပ်ပြာဖြင့်စနစ်တကျဆေးကြောရန်အစရှိတဲ့ စည်းကမ်းချက် အတိုင်း လိုက်နာဖို့လိုအပ်ပါတယ်၊  အသက်ကြီးပိုင်းအနေနဲ့   ကာကွယ်ဆေးမထိုးရသေးတဲ့သူတွေ ပြောချင်ပါတယ် ကာကွယ်ဆေးမဖြစ်မနေ ထိုးနှံကြပါလို့ တိုက်တွန်းချင်ပါတယ်။

 

၃။      ဦးသိန်းအောင် (သိမ်ကုန်းရပ်၊ မော်လမြိုင်မြို့နယ်) ကျွန်တော် သိမ်ကုန်းရပ်ကွက်မှ ကိုဗစ်-၁၉ကာကွယ်ဆေး  လာရောက်ထိုးနှံတာပါ။ ကျွန်တော်တို့ကာကွယ်ဆေး ပထမအကြိမ်ထိုးတဲ့ အနေနဲ့ ဝမ်းသာပါတယ်၊  ဘာကြောင့်လဲဆိုတော့ ကျွန်တော်က တက္ကစီသုံးဘီးမောင်း တဲ့သူဖြစ်တဲ့ အတွက် ခရီးသည်အများနဲ့ တွေ့ရပါတယ်၊ ပြောဆို  ဆက်ဆံရပါတယ်၊ ဆက်ဆံရတဲ့အခါမှာ ကာကွယ်ဆေးထိုးထားတဲ့အတွက်လူတိုင်း၊လူတိုင်းမကူးစက်နိုင်တော့ပါဘူးကိယ့်ကိုယ်ကိုယုံကြည် စိတ်ချရပါတယ်၊ ကျွန်တော်အနေနဲ့အများကြီး ဝမ်းသာပါတယ်၊ဒီမှာလာ ရောက်ပြီး ကာကွယ်ဆေးထိုးပေး တဲ့ဦးဆောင်ပေးတဲ့ပုဂ္ဂိုလ်တွေ၊ ဌာနဆိုင်ရာတွေအားလုံးကို ကျေးဇူးတင်ပါတယ်၊ လူတိုင်း၊လူတိုင်းကာကွယ်ဆေးထိုးကြပါ၊ မိမိကိုယ်ကို  ယုံကြည်စိတ်ချအောင် တစ်ယောက်နဲ့တစ်ယောက် ကာကွယ်ဆေးထိုးပြီးတဲ့အခါကျတော့ကိုယ့်မိသားစုသော်လည်းကောင်း၊

အခြားမိသားစုသော်လည်းကောင်း၊ မကူးစက်နိုင်တော့ဘူးပေါ့၊  ဒါကြောင့်    ကာကွယ်ဆေး လူတိုင်း ထိုးနှံသင့်တယ်လို့ ပြောချင်ပါတယ်၊ ကျွန်တော်ကိုယ်တိုင် Positive    ဖြစ်ခဲ့ဖူးတဲ့အတွက်   ကာကွယ် ဆေးမထိုးထားတဲ့အခါ ကိုဗစ်-၁၉ရောဂါ လက္ခဏာခံစားခဲ့ရတယ်၊  ပထမကာကွယ်ဆေး  ထိုးရမှန်း မသိခဲ့ဘူးဒါကြောင့်အများကြီး ပြင်းထန်စွာခံစားရတယ်၊ အခုရောဂါဖြစ်ပြီးတဲ့အချိန်   သတ်မှတ်ရက် အတွင်း  ကာကွယ်ဆေးထိုးလို့ရတာနဲ့  ထိုးခွင့်ရတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်။ ရောဂါ ဖြစ်ချိန် နေထိုင်ရ ခက်ခဲတယ်၊ စားသောက်ရေး အခက်ခဲအများကြီး  ကြုံခဲ့ရတယ်။ Positive ဖြစ်တဲ့ အချိန်ခံစားရတဲ့ ဝေဒနာရယ်၊ အစားစားတဲ့အခါဘာအရသာမှမရှိဘူးဖြစ်ခဲ့တယ်။ အိပ်မရဖြစ်ခဲ့တယ်၊ ဒါကြောင့်ကိုဗစ်-၁၉ကာကွယ်ဆေး လူတိုင်း မဖြစ်မနေထိုးနှံကြပါလို့  တိုက်တွန်းချင်ပါတယ်။

 

၄။      ဒေါ်ညိုညိုအောင် (သိမ်ကုန်းရပ်ကွက်၊  မော်လမြိုင်မြို့နယ်) ကျွန်မအနေနဲ့ကိုဗစ်-၁၉ကာကွယ်ဆေးကို အခုပထမဆုံးအကြိမ်လာရောက်ထိုးနှံခြင်း  ဖြစ်ပါတယ်၊  ကာကွယ်ဆေးထိုး တဲ့အခါမှာ  ယုံကြည်မှုရှိပါတယ်။  ဘာဖြစ်လို့လဲဆိုတော့   ကာကွယ်  ဆေးထိုးလိုက်တဲ့ အတွက်ကြောင့် စိတ်ချရတယ်လို့ထင်ပါ တယ်၊ဒါပေမယ့်လူတိုင်း ကာကွယ်ဆေးထိုးထားပြီး ပေမယ့်ပေါ့ဆ လို့မရပါဘူး  ကျန်းမာရေးဝန်ကြီးဌာနမှ  ကာကွယ်ရေး  လမ်းညွှန်ချက်ဖြစ်တဲ့ အပြင်ထွက်တိုင်း နှာခေါင်းစည်း စနစ်တကျတပ်ဆင်ဖို့လိုပါတယ်၊  လက်ကိုလည်း  မကြာခဏဆေး ကြောရမယ်၊ ကျွန်မအနေနဲ့ဆို ကိုယ့်မှာဆီးချိုရောဂါလက္ခဏာအခံရှိနေတော့  ကာကွယ်ဆေး ထိုးချင် ခဲ့တယ်၊ထိုးသင့်တယ်လို့ထင်ပါတယ်၊ Positive  ဖြစ်တဲ့အချိန်မှာ  ကျွန်မကတော့  ပြင်းပြင်း ထန်ထန် ကြီးတော့မခံစားခဲ့ရဘူး၊  အနံ့ပျောက်တာဖြစ်ခဲ့တယ်၊  ဒါပေမယ့်စိတ်ကတော့ တအားခံစား ခဲ့ရတယ်၊ အကယ်၍သာ ဆေးထိုးထားမယ်ဆိုရင်  ခံစားရမှုသက်သာ မယ်လို့ထင်ပါ တယ်၊  ကာကွယ်ဆေးမထိုး ရသေးခင်မှာ Positive  ဖြစ်တဲ့အတွက်  အများကြီး  စိုးရိမ်ပူပန်မှုဖြစ် ခဲ့ရတယ်၊  ဒါကြောင့်    လူတိုင်း ကာကွယ်ဆေးထိုး သင့်တယ်၊ ရောဂါအခံရှိသူတွေမှာကာကွယ်ဆေး ကိုပိုပြီးထိုး သင့်တယ်လို့ပြောချင် ပါတယ်။ရောဂါရှိသူတွေအနေနဲ့ ဒီကိုဗစ်ရောဂါဖြစ်လာ မယ်ဆိုရင် သူများ တွေထက်  ပိုခံစားရမှာလေ။    ဒီကာကွယ်ဆေးအပြင်မှာလည်း ဝယ်ထိုးလို့မ ရတဲ့အတွက်  နိုင်ငံတော်မှ ဆောင်ရွက်ပေးတဲ့အတွက် ရောကျန်းမာရေးဝန်ထမ်း၊ ဌာနဆိုင်ရာနဲ့  ပရဟိတအဖွဲ့ အားလုံး  ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါ တယ်၊ ကာကွယ်ဆေး အပြည့်အဝမကာကွယ် နိုင်ခဲ့ရင်တောင် ဆေးထိုးထားတဲ့အတွက်   အများကြီး စိတ်ချရပါတယ်။  ဆေးမထိုးထားတဲ့ သူထက်စာရင်တော့   ဆေးထိုးထားသူက   ပိုပြီးစိတ်ချရမယ်၊ မိမိကိုယ်ကိုယုံကြည်မှုရှိ လာမယ်ဆေးထိုးထားတဲ့အတွက်ကြောင့်ပါ။ ဒါကြောင့်ကိုဗစ်-၁၉ကာကွယ် ဆေး လူတိုင်းထိုးနှံပေးကြပါလို့ တိုက်တွန်းပြောကြားချင်ပါတယ်။

 

၅။      ဦးစံဌေး (အကောက်ခွန်ဦးစီးဌာန၊ မော်လမြိုင်မြို့နယ်) ကျွန်တော်ကတော့ ကိုဗစ်-၁၉ကာကွယ်ဆေးကို  ပထမဆုံးအကြိမ်  လာရောက်ထိုးနှံ တာပါ။ ကာကွယ်ဆေးထိုးတဲ့အချိန်မှာ ဘာလက္ခဏာမှမဖြစ်ပါဘူး၊ နဂိုအတိုင်းပုံမှန်ဆေးထိုး သလိုပါဘဲ၊အခုကျွန်တော် ဆေးထိုးတာကပထမ အကြိမ်ဖြစ်ပါတယ်။  ဒုတိယအကြိမ် အနေနဲ့

 

ကတော့ အောက်တိုဘာ ၁၈ ရက်နေ့မှာ  ပြန်လည်ထိုးနှံရမှာပါ။  ကာကွယ်ဆေးအပေါ်မှာ ကျွန်တော်ယုံကြည်စိတ်ချလို့ထိုးတာပါ။ ကျွန်တော်သိသလောက်ကတော့   ရောဂါဖြစ်ပြီးသူ ဆိုရင် တစ်လခြားမှ ထိုးခွင့် ရတယ်လို့သိပါတယ်၊ လူတိုင်းကာကွယ်ဆေး ထိုးထားပိုကောင်း ပါတယ်။ အခုလိုကျွန်တော်တို့ဝန်ထမ်းတွေ၊ ဝန်ထမ်းမိသားစုတွေနဲ့  ပြည်သူတွေအားလုံး ကိုဗစ်-၁၉ကာကွယ် ဆေးထိုးနှံရအောင်ဆောင်ရွက်ပေးတဲ့နိုင်ငံတော် အကြီးအကဲတွေ၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေ၊ ဌာနဆိုင်ရာနဲ့ပရဟိတစေတနာ့ဝန်ထမ်းအားလုံးကျေးဇူး အများကြီးတင်ပါတယ်၊ ကျွန်တော်ပြောချင် တာကလူတိုင်းဆေးထိုးလို့ရတဲ့အချိန်မှာကာကွယ်ဆေးမဖြစ်မနေထိုးနှံကြပါလို့တိုက်တွန်းပြောကြား ချင်ပါတယ်၊

 

တွေ့ဆုံမေးမြန်းသူ /    -   ဒေါ်ဇာဖြူဝင်း