ကျိုက်ထို စက်တင်ဘာ ၂၄
ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များ ဆွမ်းဝေယျာဝစ္စ အဆင်ပြေစေရေး မြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ပဲနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းနိုင်ရေးအတွက်အလှူခံမဏ္ဍပ်ဖွင့်လှစ်ခြင်းကို ကျိုက်ထိုမြို့ နယ်ကျိုက်ထီးရိုးသမိုင်းပြတိုက် ရှေ့တွင် စက်တင်ဘာ ၁၇ ရက် မှ အောက်တိုဘာ ၃၀ရက်နေ့အထိ ဖွင့်လှစ်ပေးထားမည်ဖြစ်ရာ မည်သူမဆို ပါဝင်လှူဒါန်း နိုင်ကြောင်း သိရသည်။
အဆိုပါမြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်တော်လှူဒါန်းပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မွန်ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုနှင့် အတူဌာနဆိုင်ရာတာဝန်ရှိသူများ၊ သာသနာ့ အကျိုးတော်ဆောင်များ၊မြို့နယ်ဝိုင်အမ်ဘီအေအသင်းဝင်များနှင့် ရပ်ကွက်အလိုက် တာဝန်ရှိသူ တို့ပူးပေါင်း၍ နေ့စဉ်အလှူခံမဏ္ဍပ်တွင်သတ်မှတ်ရက်အလိုက် စနစ်တကျ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ယင်းသို့ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း သံဃာတော်များနှင့် သာသနာ့နွယ် ဝင်သီလရှင်များ အတွက် ဆွမ်းဆန်တော်လှူဒါန်းပွဲကို အောက်တိုဘာလအတွင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပါ၍ ရပ်နီးရပ်ဝေး အလှူရှင်များမှလည်း မည်သူမဆိုစေတနာ၊ သဒ္ဓါတရားထက်သန်စွာဖြင့်ပါဝင်လှူဒါန်း ကုသိုလ်ယူနိုင် ကြကြောင်း သိရသည်။
၀င်းမောင်(ကျိုက်ထို)