သထုံ စက်တင်ဘာ ၂၃
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများ စနစ်တကျဖြင့် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူတို့ပူးပေါင်းကာ ယမန်နေ့ မွန်းလွဲပိုင်းက ထောင်မှူးကျေးရွာအုပ်စု၊ သရက်ညီနောင်ကျေးရွာရှိ တောင်သူ တစ်ဦး၏ ဝက်မွေးမြူရေးခြံ၌ မေထုန်မဲ့ဝက်မျိုး သားဖောက်မွေးမြူထားရှိမှု အခြေအနေအား ကြည့်ရှုအားပေးခဲ့ကြသည်။
ထိုသို့ ကြည့်ရှုရာတွင် သထုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ မွေး/ကုဦးစီးဌာနမှ တာဝန်ရှိသူများတို့က သရက်ညီနောင်ကျေးရွာရှိ မွေးမြူရေး လုပ်ငန်းရှင် ဦးမင်းအောင်၏ ဝက်မွေးမြူရေးခြံ၌ အသားတိုးဝက် D Y L အမျိုးအစားကောင်ရေ ၁၂၀၊ မျိုးဝက်မ Y L အမျိုးအစား ကောင်ရေ ၃၀ မွေးမြူထားရှိမှုနှင့် မေထုံမဲ့နည်းစနစ်ဖြင့် သားဖောက်၍ မွေးမြူထားရှိမှုတို့အား ကြည့်ရှုရာ မွေးမြူရေးခြံပိုင်ရှင်က မေထုန်မဲ့စနစ်ဖြင့် သားဖောက် မွေးမြူပုံအဆင့်ဆင့်တို့အား ရှင်းလင်းပြသခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတို့က ဖွံ့ဖြိုးတိုးတက်ရေးအတွက် တင်ပြသည့် လိုအပ်ချက်များကို သက်ဆိုင်ရာဌာနနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)