ရေး စက်တင်ဘာ ၂၄
မွန်ပြည်နယ် ရေးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm)တတိယသုတ် ပထမအကြိမ်ကို စက်တင်ဘာလ ၁၆ရက်နေ့မှ သတ်မှတ်အုပ်စု ၁၃နေရာတွင် စတင်နှံပေးခဲ့ရာ ယမန်နေ့ထိ ပြည်သူ(၂၅၅၃၀) ဦးအား ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinophram)ကို သတ်မှတ်အုပ်စု (၁၃)နေရာတို့တွင် အသက် (၅၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းနှင့် နာတာရှည်ရောဂါအခံရှိသူများကို ဦးစားပေး ထိုးနှံပေး လျက်ရှိရာ ဆရာတော်သံဃာတော်(၂၈၃)ပါး၊ မသန်စွမ်း(၂၄၆)ဦး၊ နာတာရှည်ရောဂါ အခံရှိသူ (၁၅၂၉)ဦး၊ ပရဟိတဝန်ထမ်း (၆၃၂)ဦး၊ နိုင်ငံ့ဝန်ထမ်း (၃၂၈)ဦး၊ စက်ရုံအလုပ်ရုံဝန်ထမ်း (၃၄၃)ဦး၊ EAO(၅၀၀)ဦး၊ ရွှေ့ပြောင်းအလုပ်သမား(၁၇၆)ဦးနှင့် ပြည်သူ(၂၁၄၉၄)ဦး စုစုပေါင်း (၂၅၅၃၀)ဦးတို့အား ကျန်းမာရေးဝန်ထမ်း၊ ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီအဖွဲ့၊ ပရဟိတလုပ်အားပေးများ၏ ပူးပေါင်းရွက်မှု မြို့နယ်ရဲတပ်ဖွဲ့၏ လုံခြုံရေးဆောင်ရွက် ပေးမှုများဖြင့် ပြည်သူများ အဆင်ပြေအေးချမ်းစွာ ကာကွယ်ဆေးထိုးနှံနိုင်ခဲ့ကြောင်းသိရသည်။
ယခင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ်ကို ပြည်သူ(၉၁၁၀)ဦးအားထိုးပေးနိုင်ခဲ့သော်လည်း ယခု တတိယသုတ်တွင် ယခင်ကထက် ကာကွယ်ဆေး လာရောက်ထိုးနှံသူ များပြားလျှက်ရှိကြောင်းနှင့် စက်တင်ဘာလ ၂၅ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ခင်သိမ့်သိမ့်ရည်