ပေါင်မြို့နယ်၌ ပန်းခင်းစီမံချက် အသိပညာပေး လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ မြေစိုက်ပိုစတာ စိုက်ထူ

ပေါင်   စက်တင်ဘာ ၂၃

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် ပန်းခင်းစီမံချက် အသိပညာပေး လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ မြေစိုက်ပိုစတာ စိုက်ထူးခြင်းကို  ယနေ့ နံနက်ပိုင်းက  ပေါင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပေါင်မြို့နယ်မ င်္ဂလာဈေးရှေ့တို့၌ စိုက်ထူခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိုက်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်ထွန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဝင်းဇော်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝဏ္ဏမောင်၊ မြိုနယ်စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ခံ ဦးအောင်နိုင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ပန်းခင်းစီမံချက်အသိပညာပေး မြေစိုက် ပိုစတာစိုက်ထူ ပေးခဲ့သည်။

အဆိုပါ ပန်းခင်းစီမံချက် အသိပညာပေး မြေစိုက်ပိုစတာတွင် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ပါဝင်သည့် ပြည်သူ့အသိပေးဆောင်ပုဒ်များပါဝင်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများ လိုက်နာရမည့်အချက်များ၊ အိမ်ထောင်စုလူဦးရေစာရင်းအတွက် လိုက်နာရမည့် အချက်များ၊ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရက်ပေးမည့် လုပ်ငန်းများ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ပါဝင်ကြောင်း သိရသည်။

ဝဏ္ဏမောင်(ပြန်/ဆက်)