"လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဗီနိုင်းမြေစိုက်ပိုစတာဘီးလင်း​မြို့နယ်၌စိုက်ထူ

ဘီးလင်း စက်တင်ဘာ ၂၃

 

သထုံခရိုင်၊ဘီးလင်း မြို့နယ်တွင် စက်တင်ဘာ ၂၃ ရက်နံနက် ၉ နာရီက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပန်းခင်းစီမံချက်ဖြင့် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့" ဗီနိုင်းမြေစိုက်ပိုစတာစိုက်ထူပွဲကို မြို့မအားကစားကွင်းရှေ့၌ပြုလုပ်ခဲ့သည်။

အဆိုပါ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဗီနိုင်းမြေစိုက်ပိုစတာစိုက်ထူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးမျိုးသိုက်ထွန်း နှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့ အင်အား ဆိုင်ရာမြို့နယ် ဦးစီးမှူး ရုံးမှဦး စီးအရာရှိနှင့်ဝန်ထမ်းများက စိုက်ထူခဲ့ကြပြီး မြေစိုက်ဘုတ်အား အမွှေးနံ့သာရေများ​ဖြင့် ပက်ဖြန်း ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

ထူးနောင် (ပြန်/ဆက်)