ချောင်းဆုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ အခြေခံမူ(၇)ချက်နှင့် လူမျိုးဘာသာမရွေး လူမှုရေးလုပ်ငန်းများအား ကူညီဆောင်ရွက်

ချောင်းဆုံ      စက်တင်ဘာ   ၃၀

 

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှလူမှုရေးလုပ်ငန်းများ ကို အခြေခံမူ(၇)ချက်နှင့်အညီ လူမျိုးဘာသာမရွေးကူညီဆောင်ရွက်ပေးနေပြီး ဒေသခံပြည်သူများ၏ ကူညီလှူဒါန်းမှုဖြင့်ယခုကိုဗစ်တတိယလှိုင်းတွင်လည်းလိုအပ်သည့်နေရာများ၌ဘက်ပေါင်းစုံမှနေ့/ည မရွေး အချိန်ပြည့်လူမှုရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ  ဆောင်ရွက်ပေးနေကြောင်း သိရ သည်။

 

ချောင်းဆုံမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါစတင်ဖြစ်ပေါ်အချိန်ကစပြီး ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်း ယခုအချိန်အထိ ကြက်ခြေနီတပ်ဖွဲ့ဝင်များအနေနဲ့ Isolation ward Positive Centerမှာ တာဝန်ယူဆောင်ရွက်ပေးတယ်၊ ဒုတိယလှိုင်းတုန်းကဆိုရင်လည်း Quarantine   Center

မှာ နေ့/ည ဂျူတီယူပြီး Center ဝင်ရောက်သူတွေကို ကူညီစောင့်ရှောက်မှုတွေဆောင်ရွက်ပေးတယ်၊ အောက်ဆီဂျင်အိုးတွေ ငှားရမ်းအသုံးပြုတာတွေကို  ဆောင်ရွက်ပေးခြင်း၊   လူနာတင်ယာဉ်(၂)စီးဖြင့် လူနာများကိုကြို/ပို့ပြုလုပ်ပေးခြင်း၊ပိုးတွေ့လူနာနှင့်ထိတွေ့တဲ့သူတွေကို ဆေးစစ်ဖို့ကူညီဆောင်ရွက် ပေးခြင်း၊ အောက်ဆီဂျင်ကျတဲ့လူနာများကို  ချောင်းဆုံဆေးရုံမှတစ်ဆင့်  မော်လမြိုင်ဆေးရုံသို့လူနာ အလွှဲအပြောင်း ပို့ဆောင်ပေးခြင်း၊ ကာကွယ်ဆေးထိုး လုပ်ငန်းတွေမှာလည်း၊ စုရပ်တွေမှာလည်း တပ်ဖွဲ့ဝင်(၁၀)ဦးမှာ နေ့စဉ်ကူညီ    ဆောင်ရွက်ပေးခြင်း၊   အခြေခံမှု(၇)ချက်နှင့်   မည်သူမဆိုလူမျိုး ဘာသာမရွေး ကူညီပေးခြင်း၊ ကြက်ခြေနီတပ်ဖွဲ့ ဝင်အနေနှင့် မြို့နယ်သက်ဆိုင်ရာတာဝန်ရှိသူနှင့် ပူးပေါင်းပြီး ရပ်ကွက်/ကျေးရွာများ၌ စဉ်ဆက်မပြတ် Mask Campaignပြုလုပ်ခြင်း၊ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးနှိုးဆော်မှုများပြုလုပ်ခြင်း၊ အသိပေးပိုစတာ၊ ဗီနိုင်းများကပ်ခြင်း လုပ်ငန်းများကိုလည်းကောင်း၊ စေတနာရှင်အလှူရှင်များမှ  လှူဒါန်းထားသည့် ရန်ပုံငွေများဖြင့် လူမှု လုပ်ငန်းများကို ကူညီဆောင်ရွက်လျက်ရှိကြောင်း  ဒီကိုဗစ်-၁၉ရောဂါမှ  ကင်းဝေးအောင်၊ ကူးစက်မှု တွေလျော့နည်းအောင်တော့ တတ်နိုင်သည့်ဘက်ကနေ ဆက်လက်ဆောင်ရွက် ပေးနေပါကြောင်း မြို့နယ်ကြက်ခြေနီအသင်း (EC) ဒေါ်နွယ်နီလင်းက ပြောသည်။

 

ချောင်းဆုံ(ပြန်/ဆက်)